လွိုင်လင် မေ ၂၅
လွိုင်လင်မြို့၌ မီးငြှိမ်းသတ်ရေး အကြိုအခြေခံပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက လွိုင်လင်မြို့နယ် မီးသတ်ဦးစီးဌာနခန်းမတွင် ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ သင်တန်းဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး နယ်ပယ်အသီးသီးမှ သင်တန်းသား သင်တန်းသူ ၃၁ ဦးအား ဇွန် ၅ ရက်အထိ အခြေခံမီးသတ်ပညာများ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး


