လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း ၂၁၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၉  ဩဂုတ် 


ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ ဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီးသွား ကားလမ်းတွင် ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်ထွန်း မောင်းနှင်ပြီး ထွန်းရွှေ၊ အူသက်ကျန်းနှင့် ကျော်စိုးတို့ လိုက်ပါလာသည့် Mark II အမျိုးအစားမော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၇ ဒသမ ၄၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၀၀ ပြား၊ မြန်မာငွေ ၂၈၅၀၀၀  ကျပ်နှင့် လက်ကိုင်ဖုန်း ၄ လုံး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မောင်ထွန်း(၄၄)နှစ်၊ ထွန်းရွှေ(၂၈)နှစ်၊ အူသက်ကျန်း(၅၅)နှစ်၊ ကျော်စိုး (ခ)ရိုဆန်ကူးမား(ခ)ဘီနိုကူးမား (၁၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)