ရန်ကုန် မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးအရာရှိ ဦးဆန်းဦး ကြီးကြပ်မှုဖြင့် နိုင်သားစိစစ်ရေးကတ်များအား နေ့ချင်းပြီး ပြုလုပ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စုပေါင်းရုံး ရုံးအမှတ် (၇) ခန်းမ၌ ပြုလုပ်သည်။
ယင်းသို့ ပြုလုပ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရုံး လဝကမှူး ဦးချစ်စိန် ဦးဆောင်၍ ဝန်ထမ်းများကအသက် ၁၀ နှစ်ပြည့် နိုင်-၃ (က) နှင့် အသက် ၁၈ နှစ်ပြည့် နိုင်-၆ (က) များနှင့် UID ကတ်များ ပြုလုပ်ပေးကြပြီး ရပ်/ ကျေးများသို့ ကွင်းဆင်းပြုလုပ်ထားသည့် နိုင်ငံသားစိစစ်ရေး ကတ်များကို ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


