လှိုင်သာယာမြို့နယ်တွင် လုယက်သူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန် ၁၄  ဇန်နဝါရီ 

 

ရန်ကုန်တိုင်ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း ခိုး/ဆိုး/လု/နှိုက် သတင်းများစုံစမ်းနေစဉ် ၆.၁.၂၀၁၈ ရက်နေ့က လှိုင်သာယာမြို့နယ်အတွင်း လုယက်မှုကျူးလွန်ထားကြောင်း သတင်းရရှိသူ အောင်သက်ပိုင်(ခ)ခေါလေးနှင့် တိုးဝေအောင် (ခ)အညာသားတို့ ၂  ဦးအား CANDA အမျိုးအစား ဆိုင်ကယ်ဖြင့် လှိုင်သာယာမြို့နယ်၊ ရေဥက္ကံရပ်ကွက်၊ စက်မှုဇုန်(၄)၊ မြဝတီလမ်းမပေါ်တွင် ဖုန်းပြောနေသော အမျိုးသားတစ်ဦးထံမှ လုယက်ခဲ့သော ဖုန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိသူ လှိုင်သာယာမြို့နယ်၊ ရေဥက္ကံရပ်ကွက်နေသူများဖြစ်သည့် အောင်သက်ပိုင်(ခ)ခေါလေး(၁၉)နှစ် နှင့် တိုးဝေအောင်(ခ)အညာသား(၂၁)နှစ်တို့ (၂)ဦးအား အခြားပြစ်မှုများကျူးလွန်ခြင်းရှိ မရှိအသေးစိတ် စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သည့် လှိုင်သာယာမြို့နယ်၊ ရေဥက္ကံ ရပ်ကွက်နေ အာကာဦး(ခ)ဝိုင်းလေး(၂၀)နှစ်အား ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့(၃)ဦးမှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ဆိုင်ကယ်များဖြင့် လှိုင်သာယာမြို့နယ်အတွင်းရှိ အပြင်ပဒံကျေးရွာ၊ ရွှေသံလွင်စက်မှုဇုန်၊ သံလွင်လမ်းမပေါ်တွင် လမ်းလျှောက်လာသော အမျိုးသား တစ်ဦးထံမှ MEIZU အမျိုးအစား ဖုန်း(၁)လုံး၊ ရေဥက္ကံရပ်ကွက်၊ စက်မှုဇုန်(၄)အနီး ဗိုလ်အောင်ကျော် လမ်းမပေါ်တွင် လမ်းလျှောက်လာသော အမျိုးသမီးတစ်ဦး၏ လည်ပင်းတွင်ဆွဲထားသော အဆစ်ပုံရွှေဆွဲကြိုး(၁)ကုံး၊ မင်းကြီးမဟာမင်းခေါင်းလမ်းမပေါ်တွင် လမ်းလျှောက်လာသော အမျိုးသမီးတစ်ဦးထံမှ Honor  အမျိုးအစား ဖုန်း(၁)လုံးနှင့် ဦးတရုတ်ကြီးလမ်း၊ ဘုတ်ဆုံမစက်ရုံအနီးတွင် ဖုန်းပြောနေသော အမျိုးသမီးတစ်ဦး ထံမှ Mi အမျိုးအစားဖုန်း(၁)လုံး၊  စက်မှုဇုန်(၃)၊ သဲကွင်းအနီးတွင် စက်ဘီးစီးနင်းသွားနေသည့် အမျိုးသားတစ်ဦး၏ ခါးကြားတွင် ထိုးထားသော Huawei အမျိုးအစားဖုန်း(၁)လုံး၊စက်မှုဇုန်(၂)ရှိ (၅၅၅)သဲကွင်းအနီး လမ်းလျှောက်လာနေသော အမျိုးသမီးတစ်ဦးထံမှ Mi အမျိုးအစား ဖုန်း(၁)လုံး၊ (၁၀)ရပ်ကွက်၊ မကွေးလမ်းဘီယာဆိုင်မှ ထွက်လာသည့် အမျိုးသားတစ်ဦး၏ လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲကြိုး(၁)ကုံး၊ ညောင်ရွာကျေးရွာ၊ စက်မှုဇုန်(၁)၊ ဆိပ်ကမ်းသာလမ်းမကြီး၊ လက်ညိုးထိုးဘုရားအနီး လမ်းလျှောက်လာသော အမျိုးသားတစ်ဦးထံမှ Huawei အမျိုးအစားဖုန်း (၁)လုံး၊  အပြင်ပဒံကျေးရွာ၊ ရန်ကုန်- ပုသိမ်လမ်းမကြီးပေါ်၊ ဘီအိုစီမီးပွိုင့်အနီး ပလက်ဖေါင်းတွင် လမ်းလျှောက်လာသော  အမျိုးသား တစ်ဦးထံမှ Oppo အမျိုးအစား ဖုန်း(၁)လုံး၊ AG စက်ရုံလမ်းဘေးတွင် ထိုင်လျက်ဖုန်းကြည့်နေသော အမျိုးသားတစ်ဦးထံမှ Oppo A-33W အမျိုးအစား ဖုန်း(၁)လုံး၊ ညောင်ရွာကျေးရွာ၊ စက်မှုဇုန် (၁)လမ်းမကြီးပေါ်တွင် ဖုန်းပြောနေသော အမျိုးသားတစ်ဦးထံမှ Mi အမျိုးအစား ဖုန်း(၁)လုံး၊ အပြင်ပဒံကျေးရွာ၊ ရွှေသံလွင်တိုးချဲ့စက်မှုဇုန်၊ မင်းဧရာလမ်းပေါ်တွင် အရောက်တွင် စက်ဘီးနင်းသွားသည့် အမျိုးသားတစ်ဦးထံမှ Vivo အမျိုးအစားဖုန်း(၁)လုံးတို့အား လုယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူ အောင်သက်ပိုင်(ခ)ခေါလေး ပါ(၃)ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

MDN