ဘေရွတ် အောက်တိုဘာ ၂၁
လက်ဘနွန်နိုင်ငံ အရှေ့ပိုင်း ဘယ်လ်ဘက်ခ်မြို့ရှိ နေအိမ်တစ်လုံးသို့ အောက်တိုဘာ ၂၁ ရက်တွင် အစ္စရေးက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ခြောက်ဦး သေဆုံးပြီး အခြားရှစ်ဦး ဒဏ်ရာရရှိကြောင်း လက်ဘနွန်တရားဝင် သတင်း အချက်အလက်များက ပြောကြားသည်။
ဘယ်လ်ဘက်ခ်မြို့ အလယ်ပိုင်း နာဘီအင်နာအန်ဒေသရှိ နေအိမ်တစ်လုံးပေါ်သို့ ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် အမျိုးသမီးများနှင့် ကလေးများပါဝင်ကြောင်း လက်ဘနွန်တရားဝင် အမျိုးသား သတင်းအေဂျင်စီက ပြောကြားသည်။ သေဆုံးသူများကို အရပ် ဘက် ကာကွယ်ရေးအဖွဲ့များက ဆယ်ယူခဲ့ပြီး လက်ဘနွန်ကြက်ခြေနီအသင်းက ဒဏ်ရာရရှိသူများ အနီးနားရှိဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ သတင်းအေဂျင်စီက ပြောကြားသည်။
ဟစ်ဇ်ဘိုလာအဖွဲ့သည် လက်ဘနွန်တောင်ပိုင်း၌ အစ္စရေးနှင့် တိုက်ပွဲများဖြစ်ပွားနေချိန်တွင်း အောက်တိုဘာ ၂၀ ရက် ညနေပိုင်းက အစ္စရေး Hermes 900 ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း အောက်တိုဘာ ၂၁ ရက် ထုတ်ပြန်ချက်တွင် ပြောကြားသည်။
အဆိုပါ ဒရုန်းမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်မှစကာ လက်ဘနွန်တောင်ပိုင်းနှင့် အရှေ့ ပိုင်းတို့တွင် ပစ်ချခဲ့သည့် ကိုးစင်းမြောက် ဒရုန်းဖြစ်ကြောင်း အဆိုပါအုပ်စုက မှတ်ချက်ပြုပြောကြား သည်။
ဆင်ဟွာ