ဘေရွတ်၊ နိုဝင်ဘာ ၇

 

အစ္စရေး  တိုက်လေယာဉ်များသည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးဒေသများသို့ နိုဝင်ဘာ     ရက်က  လေကြောင်းတိုက်ခိုက်မှုများ   ဆောင်ရွက်ခဲ့ကြောင်း လက်ဘနွန် ဒေသန္တရ ရုပ်မြင်သံကြားဌာန အယ်လ်ဂျာဒိစ်က ပြောကြားသည်။

 

ဘေရွတ်လေဆိပ်အနီးရှိ ကူဇေးဒေသသို့လည်း လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်။ ယင်းလေကြောင်း  တိုက်ခိုက်မှုအတွင်း ဘေရွတ်လေဆိပ်ဝင်ပေါက်  အပြင်ဘက်ရှိ အဆောက်အအုံများနှင့် လေယာဉ်ပြေးလမ်းတစ်ခုထိခိုက်ပျက်စီးခဲ့သော်လည်း လေဆိပ်၏ လုပ်ငန်များ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ခဲ့ ကြောင်း လက်ဘနွန်ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး အလီဟာမီယာက လူမှုမီဒီယာ အိက်စ်တွင် ပြောကြားသည်။ ဟာယက်ဟာရိတ်ဒေသရှိ ဟစ်ဇ်ဘိုလာအဖွဲ့ နှင့် ဆက်စပ်နေသည့် အယ်လ်မာနာရုပ်မြင် သံကြားဌာနအပါအဝင် ဟာယက်ဗာဂျော နှင့် တော်ဝီတက်ဒ်အယ်လ်ဂဒါဒေသတို့အား အစ္စရေးတပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်မှု များ ဆောင်ရွက်ခဲ့သည်။

 

လက်ဘနွန်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်း ဝင် အမွေအနှစ်နေရာများကို အစ္စရေး၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် ယူနက်စကိုအဖွဲ့ ညွှန်ကြားရေးမှူးချုပ် အော်ဒရီအိပ်စ်ဇိုလေထံ လက်ဘနွန်ပါလီမန် ကိုယ်စားလှယ်များက စာတစ်စောင်ပေးပို့ခဲ့သည်။ ယင်းစာတွင် လက်ဘနွန်နိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ်နေရာများသည် အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု ခံနေရသဖြင့် ကာကွယ်စောင့်ရှောက်ပေးရေး တောင်းဆိုခဲ့သည်။

 

လက်ဘနွန်နိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ် နေရာများကို တိုက်ခိုက်ခြင်းမှ ရှောင်ရှားရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအား ယူနက်စကို တာဝန်ရှိသူက ပန်ကြားခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ