လက်စတာနောက်ခံလူ မာကွီယာအား ပေါင်သန်း ၈၀ ဖြင့် ခေါ်ယူရန်မန်စီးတီးအသင်းနှင့်အပြိုင် မန်ယူအသင်း ကြိုးပမ်းမည်

၁၅  ဇွန်

မန်ယူအသင်းသည် လက်စတာစီးတီးအသင်း၏ နောက်တန်းကစားသမား မာကွီယာအား ခေါ်ယူရန်အတွက် မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့်အပြိုင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လက်စတာစီးတီးအသင်း နောက်တန်းကစားသမား မာကွီယာအား ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ အနည်းဆုံး ပေးရမည်ဖြစ်ကြောင်းလည်းသိရသည်။

နောက်တန်းကစားသမား မာကွီယာကိုယ်တိုင်ကလည်း ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း အသင်းပြောင်းရွှေ့ကစားမည်ဆိုပါက ပရီမီယာလိဂ်အသင်းတွေကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း ပြောကြားထားပြီး မန်စီးတီးအသင်းကမူ မာကွီယာအား ခေါ်ယူရန် ဆန္ဒရှိနေသော်လည်း ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ အထိသာ ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် မန်ယူအသင်းအနေဖြင့် လက်စတာစီးတီးအသင်းက တောင်းဆိုထားသည့်ဈေးနှုန်းနှင့် နီးစပ်သည့်ဈေးနှုန်းကို ပေးချေရန် ပြင်ဆင်လျက်ရှိကြောင်းနှင့် အသက် ၂၆ နှစ်အရွယ် နောက်ခံလူမာကွီယာ၏ အနာဂတ်သည်လည်း အိုးထရက်ဖို့ဒ်ဖြစ်လာနိုင်ကြောင်း သိရသည်။

မန်ယူအသင်းသည် ဝေးလ်လူငယ်ကစားသမား ဒန်နီယယ်ဂျိမ်းစ်အား ပေါင် ၁၇ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် အသင်းကို ပြန်လည်တည်ဆောက်ရန်အတွက် နည်းပြဆိုးရှားက နောက်တန်းကစားသမား မာကွီယာအား ပစ်မှတ်ထားလာခဲ့ခြင်း ဖြစ်သည်။

ငွေကြယ်