လကမ္ဘာပေါ်ဆင်းသက်မည့် ပထမဆုံးအာကာသယာဉ်ကို ဂျပန်လွှတ်တင်

တိုကျို   ဒီဇင်ဘာ   ၂၆

လကမ္ဘာပေါ်ဆင်းသက်မည့်    ပထမဆုံး    ဂျပန် အာကာသယာဉ်ကို လကမ္ဘာ၏ပတ်လမ်းပေါ်သို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီဟု ဂျပန်အာကာသ အေဂျင်စီ (ဂျာဆာ) က ကြေညာခဲ့သည်။

လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်    (Smart Lander  for  Investigation   Moon-SLIM) မောင်းသူမဲ့ယာဉ်ကို စီစဉ်ထားသည့်အတိုင်း ဂျပန် စံတော်ချိန်  ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီ မိနစ် ၅၀ ခန့်တွင် လ၏ပတ်လမ်းထဲသို့ လွှတ်တင် ခဲ့ကြောင်း    ဂျပန်အာကာသ   စူးစမ်းလေ့လာရေး အေဂျင်စီ (ဂျာဆာ) က ပြောသည်။

အဆိုပါယာဉ်သည် လတ်တလောတွင်  ပုံမှန် အခြေအနေအတိုင်းရှိသည်။

အဆိုပါယာဉ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက် သန်းခေါင်ယံ ၁၂ နာရီ   မိနစ်   ၂၀ ခန့်တွင် လကမ္ဘာ ပေါ်ဆင်းသက်နိုင်ရန်   စီစဉ်ထားကြောင်း ဂျာဆာ က ပြောသည်။

စီစဉ်ထားသည့်အတိုင်း  လကမ္ဘာပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်မည်ဆိုလျှင်  ဂျပန် နိုင်ငံသည်    လကမ္ဘာပေါ်သို့    အာကာသယာဉ်  အောင်မြင်စွာဆင်းသက်နိုင်ခဲ့သည့်   ပဉ္စမမြောက်နိုင်ငံ ဖြစ်လာ မည်ဖြစ်သည်။

လကမ္ဘာပေါ်သို့  အာကာသယာဉ်အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည့်   နိုင်ငံများမှာ  ယခင် ဆိုဗီယက် ပြည်ထောင်စု၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများဖြစ်ကြသည်။

လစူးစမ်းလေ့လာရေးယာဉ်  (ဆလင်း) သည် ရည်မှန်းထားသည့်နေရာမှ မီတာ ၁၀၀ အတွင်း ဆင်းသက်နိုင်မည်ဖြစ်သည်။   ဂျပန်နိုင်ငံ၏ လကမ္ဘာပေါ်ဆင်းသက်နိုင်စွမ်းသည်   ကျန်လေး နိုင်ငံ၏   ဆင်းသက်နိုင်စွမ်းထက်  ၁၀  ဆ ပိုမို တိကျမည်ဖြစ်သည်။

အင်န်အိတ်ချ်ကေ