လက်ပံတန်း-သာရဝေါ လော်ကယ်ရထားလိုင်း စက်တင်ဘာ ၁၆ ရက်တွင် စတင်ပြေးဆွဲပေးမည်

လက်ပံတန်း စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြန်မာ့မီးရထား တိုင်းအမှတ်(၆)၊  လက်ပံတန်းမှ သာရဝေါသို့ လော်ကယ်ရထားလိုင်းကို စက်တင်ဘာ ၁၆ ရက်တွင် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ပံတန်း-သာရဝေါ လော်ကယ်ရထားခရီးစဉ်ကို စက်တင်ဘာ ၁၆ ရက်မှစတင်၍ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တို့တွင် သာရဝေါဘူတာမှ နံနက် ၆ နာရီခွဲတွင် ထွက်ခွာမည်ဖြစ်သည်။ လက်ပံတန်းဘူတာသို့ နံနက် ၈ နာရီခွဲတွင် ရောက်ရှိမည့် အမှတ်(၁၉၆) အစုန်ခရီးစဉ်နှင့် လက်ပံတန်းဘူတာမှ မွန်းလွဲ ၂ နာရီခွဲတွင် ထွက်ခွာပြီး သာရဝေါဘူတာသို့ ညနေ ၅ နာရီတွင် ရောက်ရှိမည့် အမှတ်(၁၉၅) အဆန်ခရီးစဉ်၌ လမ်းခရီးတွင် ညောင်ဝိုင်း၊ ကျောက်အိုင်၊ စည်ပင်သာယာ၊ ခမုံဆိပ်၊ မြစ်မခ၊ သံဖြူရုံ၊ ကညင်တို၊ ဇီးဖြူကုန်း၊ ဇီးဖြူကုန်းရွာမ  (၉)ဘူတာ ထွက်ခွာပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား လက်ပံတန်း ဘူတာရုံပိုင်ကြီးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)