လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲ ကျင်းပ

လက်ပံတန်း  ၂၆   သြဂုတ်


ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အားကစားရုံ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်လက်ထောက်ပညာရေးမှူး ဦးမြင့်သိန်းက အမှာစကား ပြောကြားပြီး အေရိုးဗစ် နည်းပြဆရာမ ဒေါ်မိုးမိုးနိုင်က ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အခြေခံပညာကျောင်းများမှ အကြီးတန်း အေရိုးဗစ် ၄၆ ကွက်ပြိုင်ပွဲကို အဖွဲ့ ၅ ဖွဲ့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဝင့်နန္ဒာဌေး(ပြန်/ဆက်)