လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

လက်ပံတန်း စက်တင်ဘာ ၂၂

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက လက်ပံတန်းမြို့ ဧရာ​ကျော်ဆန်စက်သို့ ရောက်ရှိပြီး သာယာဝတီခရိုင် စီမံအုပ်ချုပ်​​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ မြို့နယ်ဆင့်ဌာဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ ဧရာကျော်ဆန်စက် တာဝန်ခံ ဦးထွန်းမင်းလှိုင်က စပါးခွံစွမ်းအင်အသုံးပြု၍ ဆန်များကြိတ်ခွဲထုတ်လုပ် ဖြန့်ဖြူးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အိမ်တွင်းမှုထုတ်ကုန် တင့်တင့်ကရေကရာလုပ်ငန်းသို့ ရောက်ရှိပြီး ထုတ်ကုန်အရည်အသွေး မြင့်မားရေး၊ လက်မှုကုန်ထုတ်လုပ်မှုမှ ချေးငွေထောက်ပံ့မှုဖြင့် စက်မှုနည်းပညာ ကုန်ထုထုတ်လုပ်မှုအဖြစ် တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများ ထိထိရောက်ရောက် တိုးချဲ့လုပ်ဆောင်ကြရန် ဌာနဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

မြို့နယ်(ပြန်/ဆက်)