လက်ပံတန်း ဇူလိုင် ၅

 

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက သဘာဝရေပြင် မြစ်မခမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တာဆိပ်ချောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် လက်ပံတန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၅၀၀၀၀ နှင့် ငါးခုံးမ သားပေါက်ကောင်ရေ ၇၀၀၀၀ စုစုပေါင်းကောင်ရေ ၁၂၀၀၀၀ ကို ငါးမျိုးများ စိုက်ထည့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)