လက်ရှိဘဏ္ဍာနှစ်ပထမဆုံးကိုးလအတွင်း ဆိုက်ဘာတိုက်ခိုက်မှု ၅၈၅၆ ကြိမ်ရှိကြောင်း အီသီယိုးပီးယားပြော

အဒစ္စအဘာဘာ မေ ၉

 

အီသီယိုးပီးယားနိုင်ငံ၌ လက်ရှိ အီသီယိုးပီးယား ဘဏ္ဍာနှစ်၏ ပထမဆုံးကိုးလအတွင်း ဆိုက်ဘာတိုက်ခိုက်မှု ၅၈၅၆ ကြိမ် ရှိကြောင်း မေ ၇ ရက်တွင် တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။ သို့သော်လည်း အဆိုပါတိုက်ခိုက်ခံရမှု၏ ၉၇ ဒသမ ၇ ရာခိုင်နှုန်းကို တားဆီးနိုင်ခဲ့ကြောင်း အီသီယိုးပီးယားသတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေးအေဂျင်စီမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဆိုလိုမွန်ဆိုကာက ပြောကြားသည်။

 

အီသီယိုးပီးယားနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်သည့်ဆိုက်ဘာ တိုက်ခိုက်မှု အရေအတွက်သည် ယမန်နှစ်က ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၄၀၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အီသီယိုးပီးယား ရုပ်သံထုတ်လွှင့် မှုကို ကိုးကား၍ ဆိုကာ က ပြောကြားသည်။

 

ဆိုက်ဘာ တိုက်ခိုက်မှုသည် ပထဝီဝင်နိုင်ငံရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအပါအဝင် ရည်ရွယ်ချက်အမျိုးမျိုးရှိကြောင်း ဆိုကာ က ပြောကြားသည်။ အီသီယိုးပီးယားသည် ဆိုက်ဘာနည်းပညာကို အဓိကအစိတ်အပိုင်းအဖြစ် အသုံးပြုကာ ကြီးမားသော အခြေခံဝန်ဆောင်မှု အဆောက်အအုံများနှင့် အစိုးရဗျူရိုကရေစီများကို အဆင့်မြှင့်တင်နေကြောင်း သိရသည်။

 

ဆင်ဟွာ