လက်ရက်ကန်းသင်တန်းဆင်းပွဲ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မုဒုံ ဇူလိုင် ၄

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မုဒုံမြို့)တွင် ၂၀၂၃ ပညာသင်နှစ် (ပထမအကြိမ်) လက်ရက်ကန်း (၆)လ သင်တန်းဆင်းပွဲကို ဇူလိုင် ၄ ရက် နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာ ကိစ္စရပ်များကို  ရှင်းလင်းတင်ပြသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်၍ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသား သင်တန်းသူများ လက်တွေ့ လုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

 

သားငယ်(ပြန်/ဆက်)