လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး နှင့် ဦးစီးအရာရှိများ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ( ၃/၂၀၂၃ ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ဇွန်  ၆

လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဦးစီးအရာရှိများ စီမံ ခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၃/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အခြေခံပညာဦးစီးဌာန ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်)ရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

 အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်၊ ပညာ‌ရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဌာနမှူးများ၊ လက်ထောက်ကထိကများ၊ ဦးစီးအရာရှိများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင် က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၃/၂၀၂၃ )ကို ဖွင့်လှစ်ပေးသည်။

ယခုသင်တန်းကို စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရသည့် အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို တတ်ကျွမ်းနားလည်စွာ ဆောင်ရွက်တတ်စေရန်နှင့် သင် ကြားသင်ယူမှုဆိုင်ရာ လုပ်ငန်းများ၊ မူဝါဒ/စီမံကိန်း ဆိုင်ရာလုပ်ငန်းများ၊ ကွန်ပျူတာ ၊ICT လုပ်ငန်းများ ပိုမိုတတ်ကျွမ်းနားလည်လာစေရန်အတွက် ပညာရေးစီမံခန့်ခွဲမှုသင်တန်း ကျောင်း (ရန်ကုန်)မှ သင်တန်းနည်းပြ ၁၃ ဦးတို့က ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဦးစီးအရာရှိများ စုစုပေါင်း ၂၇၆ ဦး တက်‌ရောက်ကြောင်းနှင့်  သင်တန်းကာလမှာ ဇွန် ၆ ရက်မှ ဇူလိုင် ၁ ရက်အထိ (၂၆) ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်