လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး နှင့် ဦးစီးအရာရှိများ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ( ၃/၂၀၂၃ ) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် ဇူလိုင် ၁

လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဦးစီးအရာရှိများစီမံ ခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  အခြေခံပညာဦးစီးဌာန ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်)ရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချို မြတ်အောင်၊ ပညာ‌ရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း(ရန်ကုန်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဌာနမှူးများ၊ လက်ထောက်ကထိကများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင် က သင်တန်းဆင်းအမှာ စကားပြောကြားပြီး တာဝန်ရှိသူများက သင်တန်းထူးချွန်ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ခရိုင်ပညာရေးမှူးရုံး ဦးစီးအရာရှိ ဒေါ်သက်ဇာလှိုင်၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ပညာရေး မှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြို့နွယ်စိုး၊ တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးပညာရေးမှူးရုံး ဦးစီးအရာရှိ ဒေါ်သန်းသန်းထွဋ် တို့ကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာကြီ ဦးမျိုးဝင်းအောင် က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားကိုယ်စားလှယ်တစ်ဦး ထံပေးအပ်ပြီး တာဝန်ရှိသူများက ပိုက်ကျော်ခြင်းထူးချွန်ဆု၊ ကာယလေ့ကျင့်ခန်းအတွဲအမှတ်(၃) အမျိုးသမီးပြိုင်ပွဲထူးချွန်ဆုနှင့် ဘော်လီဘော ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများ ကိုယ်စားသင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦး တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။

အဆိုပါသင်တန်းကို ဇွန် ၆ ရက်မှ ဇူလိုင် ၁ ရက်အထိ ၂၆ ရက်ကြာဖွင့်လှစ်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဦးစီးအရာရှိအဆင့် သင်တန်းသား စုစုပေါင်း ၂၇၅ ဦး တက်‌ရောက်ခဲ့ကြကြောင်း သင်တန်းတွင် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် ရုံးလုပ်ငန်း ပိုင်းဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရသည့် ရုံးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို တတ်ကျွမ်းနားလည်စွာ ဆောင်ရွက်တတ်စေရန်နှင့် သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်းများ၊ မူဝါဒ၊ စီမံကိန်းဆိုင်ရာလုပ်ငန်းများ၊ ကွန်ပျူတာ(ICT)လုပ်ငန်းများ ပိုမိုတတ် ကျွမ်းနားလည်လာစေရန်အတွက် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း(ရန်ကုန်)မှ သင်တန်းနည်းပြ ၁၃ ဦးတို့က သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်