လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ  ၅
    
လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံ သင်တန်းအမှတ်စဉ် (၃ / ၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲ တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက  လက်ထောက် ညွှန်ကြားရေးမှူးများသည်  လုပ်ငန်းဆောင်ရွက်မှုများကို အနီးကပ် ကြီးကြပ်လမ်းညွှန် ရသူများဖြစ်ပြီး အရေးပါသည့်ရာထူးတာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်၍ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများသာမက ခေါင်းဆောင်မှုနှင့် ပြုမူပြောဆိုဆက်သွယ် မှုဆိုင်ရာ အရည်အသွေးများ ပြည့်ဝနေရန်လည်း အရေးကြီးပါကြောင်း၊ သို့ပါ၍ ယခုသင်တန်း တွင် ပုံမှန်သင်ကြားပို့ချမှုများအပြင် ဆွေးနွေးတင်ပြမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု စွမ်းရည်များ တိုးတက်မြင့်မားစေရန်၊ အသိပညာများကို မျှဝေဖလှယ်ခြင်း၊ ဆင့်ပွားပို့ချ ခြင်းစသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ သင်ကြားမှုနည်းလမ်း တစ်ခုဖြစ်သည့် Trainee Oriented Teaching Method ဖြင့် စာတမ်းများ ပြုစုဖတ်ကြား တင်ပြခြင်း အစီအစဉ်အားထည့်သွင်း၍ ဆောင်ရွက်စေခဲ့ပါ ကြောင်း၊ Learning is never ending ဆိုသည့်အတိုင်း သင်တန်းမှပို့ချမှုများဖြင့် ရပ်တန့်မနေဘဲ ကိုယ်တိုင်လေ့လာ သင်ယူမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်၍ လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချခြင်းဖြင့် စွမ်းဆောင်ရည် များတိုးတက်စေရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

သင်တန်းသားများအနေဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ပြဋ္ဌာန်းထား သည့် ဥပဒေနှင့်ရုံးစည်းကမ်း၊ ဝန်ထမ်းစည်းကမ်းများကို လေးစားလိုက်နာ ၍ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းမှု ပိုမိုမြင့်မားပြီး ရိုးသားဖြောင့်မတ်သော ခံယူချက် ကောင်း၊ စိတ်စေတနာကောင်း များဖြင့်  လုပ်ငန်းခွင်တွင် ပျော်ရွှင်အောင်မြင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

အဆိုပါသင်တန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် မှစ၍ (၄)ပတ်ကြာ ဖွင့်လှစ်ခဲ့ ပြီး ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ဒေသစာရင်းရုံးများမှ သင်တန်း သား စုစုပေါင်း (၉၁) ဦး တက်ရောက်ပြီးမြောက်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။  

(သတင်းစဉ်)