"လက်ထပ်ပါရစေ" ရုပ်ရှင်ကို ဇူလိုင် ၂၅ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၁၆ ဇူလိုင် 

"လက်ထပ်ပါရစေ" အချစ်ဇာတ်မြူး ရုပ်ရှင်ကားကို ဇူလိုင် ၂၅ ရက်တွင် တစ်နိုင်ငံလုံး ရုံတင်ပြမည်ဖြစ်ကြောင်း Junction City JCGV ရုပ်ရှင်ရုံတွင် ယမန်နေ့ညပိုင်းက ပြသသည့် premier show အထူးပွဲမှ သိရသည်။ 

 

2402

 

"လက်ထပ်ပါရစေ" ဇာတ်ကားကို ဒါရိုက်တာ အရုဏ်ဦး၊ ပွင့်သိင်္ဂီဇော်၊ ဇာတ်လမ်း/ဇာတ်ညွှန်း မိုးနီလွင်တို့က သရုပ်ဖော်ထားကာ သရုပ်ဆောင်သစ်များ ဖြစ်ကြသည့် ခါရာ၊ ထွန်းကိုကို၊ အားဝေတို့က အဓိက သရုပ်ဆောင်ထားပြီး အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ မေသန်းနု၊ ရာဇာနေဝင်းနှင့် လူငယ်သရုပ်ဆောင်များပါဝင် သရုပ်ဆောင်ထားသည်။

 “ဝါရင့်သရုပ်ဆောင် ကိုရန်လေးတို့ မမေသန်းနုတို့ကလည်း အနုပညာ စိတ်အပြည့်နဲ့ လူငယ်တွေကိုဝန်းရံပြီး အဓိကအခန်းက သရုပ်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ အနုပညာချစ်တဲ့ စိတ်ကို ဒီကားပေါ်မှာ တွေ့ရပါလိမ့်မယ်။ မင်းသား၊ မင်းသမီးသစ်တွေနဲ့ ဇာတ်ကောင်သုံးနေရာလုံး အရမ်းလိုက်ဖက်တယ်။ ကြည့်လို့ကောင်းပြီး ပရိသတ်လည်း ကြိုက်နှစ်သက်ကြမှာပါ” ဟု ဇာတ်ညွှန်း မိုးနီလွင်က ပြောသည်။ 

 “ဒီ Marry Me က ဇာတ်ကား တစ်ကားလုံး Plot တွေ လုံးဝဟာမသွားဘူး။ အချိတ်အဆက်မိပြီး ရယ်နေရတယ်။ ဒီဇာတ်ကားက Romantic Comedy ဇာတ်ကားစစ်စစ်ပါ” ဟု အထူးပွဲ ကြည့်ရှုအားပေးသည့် ဒေါက်တာကိုမိုးဇော်အောင်က ပြောသည်။ 

သန့်ဇင်ဝင်း