လမစေ့ဘဲမီးဖွားနိုင်ကြောင်းကို သွေးစစ်အဖြေကနေသိနိုင်

၁၁ ဇွန်

 

အမေရိကန်နဲ့ ဒိန်းမတ်နိုင်ငံသား သိပ္ပံသုတေသန ပညာရှင်များရဲ့ ရှာဖွေချက်အရ သွေးစစ်အဖြေကနေ ကိုယ်ဝန် ဆောင်မိခင်များ လမစေ့ဘဲ ကလေးမွေးဖွားနိုင်ကြောင်းကို ၈၀%အထိ တိကျမှန်ကန်အောင် ခန့်မှန်းနိုင်ကြောင်း၊ သွေးစစ်ဖို့ ကုန်ကျစရိတ်ဟာ အာထွာဆောင်း ရိုက်ဖို့အတွက် ကုန်ကျစရိတ်ထက် သက်သာကြောင်း သိပ္ပံဂျာနယ်မှာ ရေးသားထားထားပါတယ်။

 

ကမ္ဘာတဝန်းမှာ နှစ်စဉ် ၁၅ သန်းလောက်ဟာ လမစေ့ဘဲ မွေးဖွားတဲ့အတွက် အသက်ဆုံးရှုံးမှုများနဲ့ အခက်အခဲတွေကို လျှော့ချနိုင်အောင် သွေးစစ်အဖြေကနေ ခန်းမှန်းချက်ကို ပိုလေ့လာပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးနိ်ုင်အောင် လုပ်မယ်လို့ သိရပါတယ်။

 

စတန်းဖို့ တက္ကသိုလ်က ပါမေက္ခ စတီဖင်ကွိတ် ရဲ့ ရှာဖွေချက်တစ်ခုဖြစ်တဲ့ သွေးစစ်ပြီး မွေးဖွားလာတဲ့ ကလေးမှာ Down syndrome ဖြစ်နိုင်မဖြစ်နိုင်ကို ၂၀ဝ၈ နှစ်က ရှာဖွေ တွေ့ရှိခဲ့ပြီး အခုတော့ တစ်နှစ်ကို ပျမ်းမျှ ကိုယ်ဝန်ဆောင်မိခင် ၃ သန်းလောက်က အဲဒီနည်းပညာကို သုံးစွဲနေကြပြီဖြစ်ပါတယ်။

 

MDN

 

ကိုးကား- AFP