လမိုင်းမြို့၌ ကွမ်းသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

လမိုင်း ဒီဇင်ဘာ ၂၀

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကွမ်းသီးများစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ဒေသခံများ၏ အဓိကစီးပွားရေးမှာ ကွမ်းသီးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

ယခင်နှစ်က ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကုန်စည်စီးဆင်းမှုနည်းပါးခဲ့ပြီး ကွမ်းသီးများ  စျေးနှုန်းကျဆင်းခဲ့သောကြောင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ငန်း လုပ်ကိုင်နေသူများ ဝင်ငွေနည်းပါးခဲ့သည်။

 

ယခုနှစ်တွင်  ဒီဇင်ဘာလအတွင်း လမိုင်းမြို့အတွင်း၌ ရှယ်ကွမ်းသီး တစ်ပိဿာလျှင် ငွေကျပ် (၆၀၀၀)၊ အညိုသီး တစ်ပိဿာလျှင် ငွေကျပ် (၅၅၀၀)၊ ကွမ်းသီးအစိမ်း အလုံး (၁၀၀)လျှင် ငွေကျပ် (၂၅၀၀) အထိ စျေးနှုန်းရရှိနေခြင်းကြောင်း တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ အဆင်ပြေနေကြသည်။

 

ကွမ်းသီးပေါ်ချိန်၌ ဒေသနေပြည်သူများမှာ အလုပ်အကိုင် မရှားပါးတော့ဘဲ ကွမ်းသီးခုတ် လုပ်သားတစ်ဦး၏ နေ့စဉ်ပုံမှန်ဝင်ငွေမှာ တစ်ရက်လျှင် ငွေကျပ်(၇၀၀၀)အထိ ရရှိကြသည်။ အဆိုပါ ကွမ်းသီးများကို ကွမ်းသီးရောင်းဝယ်နေသူများမှ ရေးမြို့နယ်၊ မုဒုံ၊ မော်လမြိုင်မြို့အထိ တင်ပို့ရောင်းချလျက်ရှိကြောင်း ကွမ်းသီးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

 

လမိုင်း(ပြန်/ဆက်)