လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦး ခရီးသည်တင်မှန်လုံယာဉ်က ဝင်ရောက်တိုက်မိရာ သေဆုံး

သထုံ  ၁၄   ဇွန်    


မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ဇွန်လ ၁၃ ရက်၊ ည ၈ နာရီကျော်ခန့်က ကားလမ်းဘေးတွင် လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးအား ခရီးသည်တင် မှန်လုံယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ နန်းခဲရပ်ကွက်ရှိ ဧရာဝတီဘဏ်ရှေ့တွင် ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ သန်းထိုက်အောင် မောင်းလာသော ရွှေလီရတနာ ခရီးသည်တင်မှန်လုံယာဉ်သည် ဘဏ်ရှေ့ကားလမ်းဘေးတွင် လမ်းလျှောက်နေသည့် ကိုမျိုးဇော်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာမှ ကိုမျိုးဇော်တွင် ဒဏ်ရာများရရှိခဲ့ပြီး  ဖြစ်စဉ်နေရာ၌ သေဆုံးသွားကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း သန်းထိုက်အောင်အား သထုံမြို့မရဲစခန်းမှ အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။


သက်ဦး(သထုံ)