လမ်းမတော်မြို့နယ် မော်တင်ယာယီစျေး ကမ်းနားလမ်းတွင် အမျိုးသားတစ်ဦး လဲကျသေဆုံးမှု ဖြစ်ပွား

ရန်ကုန်  ၃  ဇူလိုင် 

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မော်တင်ယာယီစျေး၊ ကမ်းနားလမ်း၊ ကွန်ကရစ် ကျောက်လမ်းမပေါ်တွင် ယမန်နေ့ နံနက် ၁၁ နာရီက အမျိုးသားတစ်ဦး လဲကျနေကြောင်း တွေ့ရှိရသည်။

 

အခင်းဖြစ်ပွားရာနေရာသို့ လမ်းမတော်မြို့နယ် မြို့မရဲစခန်းမှဒုရဲအုပ် အေးမင်းစိုးနှင့်အဖွဲ့ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဦးခေါင်လင်းထွန်း ဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ လဲကျနေခြင်း ဖြစ်သည်။

 

သို့ဖြစ်ပါ၍ သေဆုံးသူအား ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးပေးနိုင်ရန်ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ကျော်ဆန်းမြင့်