လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုပေး

မိုင်းယောင်း ၁၈ ဇွန် 


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ပန်လီ (အာခါ) ကျေးရွာရှိ တောင်ပေါ်တိုင်းရင်းသားများအား ဒုတိယဗိုလ်မှူးကြီး နေလင်းသောင်း ဦးစီးသော တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က ယမန်နေ့က အဆိုပါကျေးရွာရှိ ဘုရားကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် ဒေသခံပြည်သူများ ၅၆ ဦးတို့အား သွေးချို၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ အဆုတ်ရောဂါ၊ အရိုး၊ အကြောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။


ထို့ပြင် ဘုရားကျောင်းပတ်ဝန်းကျင်နှင့် ကျေးရွာအတွင်း သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ရပ်မိရပ်ဖ၊ ကျေးရွာပြည်သူလူထုနှင့် တွေ့ဆုံ၍ ကြက်ဥ၊ ရွှေဖီဦးကော်ဖီမစ်ထုပ်စသော အာဟာရဖြစ် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

 

1