လန်ဒန်ရှိ တိတ်မော်ဒန်ပြတိုက်ကို လာရောက်လည်ပတ်တဲ့ ၆ နှစ်အရွယ်ကလေးအား ၁၀ ထပ်ဆောင်ပေါ်မှ တွန်းချခံရ

၆ သြဂုတ် 

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ တိတ်မော်ဒန်ပြတိုက်ကို လာရောက်လည်ပတ်တဲ့ ၆ နှစ်အရွယ် ပြင်သစ်နိုင်ငံသား ကလေးတစ်ဦးအား ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးက ရှု့ခင်းကြည့် ၁၀ ထပ်ဆောင်ပေါ်မှ တွန်းချခဲ့ပါတယ်။ 

 

11

 

၆ နှစ်အရွယ်ကလေးငယ်ဟာ ၅ လွှာအထိ လိမ့်ကျခဲ့ပြီး အဲဒီ ၅ လွှာခေါင်မိုးပေါ်မှ ရဟတ်ယာဉ်နဲ့ ဆေးရုံတစ်ရုံကို ခေါ်သွားခဲ့ပါတယ်။ ကလေးငယ်ရဲ့အခြေအနေဟာ တည်ငြိမ်နေပေမယ့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေဖြစ်တယ်လို့ သိရပါတယ်။

 

13

 

တွန်းချခဲ့တယ်လို့ သံသယရှိသူ အသက် ၁၇ နှစ်အရွယ်ကို အဲဒီနေရာတွင် ဖမ်းဆီးထားလိုက်ပြီး လူသတ်ရန်ကြိုးပမ်းမှုနဲ့ ချုပ်နှောင်ထားကြောင်းသိရပါတယ်။  အဲဒီလူငယ်ကို ဒီကနေ့ (အင်္ဂါနေ့)မှာ ဘရွန်မ်လေ လူငယ်တရားရုံး (Bromley Youth Court) တွင် တရားရုံးထုတ်မှာဖြစ်ပါတယ်။ 

တိတ်မော်ဒန်ပြတိုက်ကို အခင်းဖြစ်ပွားခဲ့တဲ့ တနင်္ဂနွေနေ့က ပိတ်ခဲ့ပေမယ့် တနင်္လာနေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် ရှု့ခင်းကြည့် နေရာကိုတော့ ဆက်လက်ပိတ်ထားဆဲဖြစ်ပါတယ်။ 

MDN
AFP