လန်ဒန်ယာဉ်မတော်တဆမှုဖြစ်ပွားရာ တစ်ဦးသေဆုံး

၁ နိုဝင်ဘာ

လန်ဒန်တောင်ပိုင်းတွင် ယမန်နေ့ညပိုင်းက ဘတ်စ်ကားနှစ်စီးနှင့်ကားတစ်စီး တိုက်မိခဲ့ပြီးနောက် တစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့ ပြောကြားချက်ကို ကိုးကားပြီး စကိုင်းနယူးသတင်းဌာနက ဖော်ပြထားသည်။

လန်ဒန်မြို့အလယ်ပိုင်းမှ ၃၀ ကီလိုမီတာအကွာရှိ အာပင်တန်မြို့တွင် ဂရင်းနစ်စံတော်ချိန် ၂၂:၁၅ မတိုင်မီတွင် ထိုအဖြစ်ဆိုးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းများသည် အာပင်တန်မြို့လမ်းတစ်လျှောက်ရှိ အပျက်အစီးများကြား ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ကာ အလုပ်များနေကြသည်ကို လူမှုမီဒီယာတွင် ပုံများတင်ကာပြသထားသည်။
ထိုယာဉ်တိုက်မှုတွင် အနက်ရောင်ကားတစ်စီးနှင့်အနီရောင် ဘတ်စ်ကားတစ်စီးတို့ ပါဝင်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၁၀ဦး မှ ၁၅ ဦးထိ ဒဏ်ရာရရှိခဲ့ကြရာ အသက်အန္တရာယ် စိုးရိမ်ရမှုမရှိဟု မျက်မြင်သက်သေများက ပြောကြားခဲ့ကြောင်း မီဒီယာက ဖော်ပြခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို