လင်းခေး ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့ ရွှေတောင်တန်း ငွေစုငွေ ချေးသမဝါယမအသင်းလီမိတက်က အသင်းဝင်များ၏ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်စုဆောင်းငွေအပေါ် အတိုးနှင့် အစုအပေါ်အမြတ်ငွေများ ပေးအပ်ခြင်းနှင့် အသင်းအလုပ်အမှုဆောင် အဖွဲ့သစ်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လင်းခေးမြို့ ဝမ်လွိုင် ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမြဝင်းနှင့် အသင်းဥက္ကဋ္ဌတို့က အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ငွေစာရင်းရှင်းတမ်း၊ အမြတ်ခွဲဝေမှု စာရင်းဖတ်ကြားခြင်းနှင့် အသင်းအမှုဆောင် အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခြင်းများ ဆောင်ရွက်ကြပြီး အသင်းသား ၃၅၀ တို့အား စုဆောင်းငွေအပေါ်အတိုးနှင့် အစုအပေါ်အမြတ်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)


