လင်းခေး ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ “အနာဂတ်ကြယ်ပွင့်ကလေးများ ကျန်းမာဖွံ့ဖြိုးဖို့ ကျောင်းတွင်းအာဟာရမြှင့်တင်စို့” အစီအစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် အခြေခံပညာကျောင်းများရှိ KG နှင့် Grade-1 ကျောင်းသား ကျောင်းသူများအား နေ့လယ်စာ အာဟာရ (ထမင်းဟင်း)ကျွေးမွေးသည်။
အာဟာရအစားအစာများ မကျွေးမွေးမီ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်သန်းက အစာမစားမီ အစားအစာထဲသို့ အာဟာရဆေးမှုန့်ခပ်ထည့်ခြင်း လက်တွေ့ပြသ ရှင်းလင်းပေးပြီး ကလေးငယ်များအား နေ့လယ်စာအာဟာရကျွေးမွေးခဲ့ကြသည်။
ယနေ့တွင် လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တောင်ရွာနှင့် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ပုန်းထွန်တို့ရှိ KG နှင့် Grade-1 ကျောင်းသား ကျောင်းသူများအား နေ့လယ်စာ အာဟာရများကျွေးမွေးကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)


