လင်မယားချင်းစကားများပြီး ဇနီးဖြစ်သူအိမ်ပေါ်မှ ဆင်းသွား၍ ဖခင်ဖြစ်သူက ကျန်ခဲ့သူ အမွှာသား(၂) ဦးအား လည်ပင်းညှစ်သတ်

နေပြည်တော် ၂၃ ဖေဖော်ဝါရီ

ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ ထန်းတောရပ်ကျေးရွာတွင် ဖခင်ဖြစ်သူက အမွှာသား (၂)ဦးအား လည်ပင်းညှစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထန်းတောရပ်ကျေးရွာနေ သိန်းဝင်း (ခ) သိန်းဦး (၃၆)နှစ်သည် ဇနီးဖြစ်သူ မခိုင်လဲ့ဖြိုး (ခ) ဖြိုးဝေနှင့် စကားများရန်ဖြစ်ရာ မခိုင်လဲ့ဖြိုး (ခ) ဖြိုးဝေက သမီး မနှင်းလွင်လွင်ဖြိုး (၆) နှစ်အား ခေါ်ဆောင်ပြီး နေအိမ်မှထွက်သွားခဲ့ကြောင်း၊ ယင်းနောက်သိန်းဝင်းမှ နေအိမ်တွင်ကျန်ခဲ့သည့် သား မောင်ဇာနည်ထွန်း (၄)နှစ်နှင့် အမွှာညီ မောင်ဇေယျာထွန်း (၄)နှစ်တို့ ၂ ဦးအား လည်ပင်းညှစ်သတ်ခဲ့၍ သေဆုံးသွားသဖြင့် သိန်းဝင်း (ခ) သိန်းဦးအား အမရပူရမြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

MDN