ကဘူး မတ် ၁၄
လွန်ခဲ့သည့်နှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း၌ ပိုလီယိုရောဂါခံစားရသူ ငါးဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဒေသတွင်း ရုပ်သံလွှင့်သတင်းဌာန တိုလိုနယူးစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ယနေ့ သတင်းဖော်ပြခဲ့သည်။
ကြိုးပမ်းလျက်ရှိ
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းရှိ ပြည်နယ်များတွင် ရောဂါဖြစ်ပွားမှုများကို စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်းမာရေးအာဏာပိုင်များက ပိုလီယိုရောဂါကို အမြစ်ပြတ်ဖယ်ရှားရန် ကြိုးပမ်းလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
အာဖဂန်ကျန်းမာရေးအာဏာပိုင်များက နိုင်ငံတကာလုပ်ဖော် ကိုင်ဖက်များနှင့်အတူ ကလေးငယ်များအား ရောဂါကူးစက်မှုမှ ကာကွယ်ရန်နှင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန်အတွက် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးတိုက်ကျွေးမှုအစီအစဉ်များကို လုပ်ဆောင်လျက်ရှိသည်။
အလေးပေးပြောကြား
ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ကလေးတိုင်း ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးနိုင်ရန် ပိုမိုအားကောင်းသော ရပ်ရွာလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


