လှည်းကူးမြို့နယ်၌ အခြားခွဲသားများ  တင်ဆောင်လာသော (၆)ဘီးယာဉ်တစ်စီး ဖမ်းမိ 

လှည်းကူး   ၁၅  ဇွန်


ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ အခြားခွဲသားများ တရားမဝင် တင်ဆောင်လာသော (၆)ဘီးယာဉ် တစ်စီးကို ဇွန် ၁၄ ရက် ညနေ ၃ နာရီခွဲအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။   


ဖြစ်စဉ်မှာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွဏ်းဦးဆောင်သော သစ်တောဝန်ထမ်းအဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးတစ်လျှောက် တရားမဝင်သစ် သယ်ယူမှုမရှိစေရေး ဆောင်ရွက်နေစဉ် ခြောက်ဘီး ဖြူစိမ်းကြားအရောင်ယာဉ်မှာ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၂/၃)ရှိ လမ်းပေါက်မှ လှည်းကူး-ဖောင်ကြီးကားလမ်းပေါ်သို့တက်၍ လှည်းကူးဘက်သို့ မောင်းနှင်သွားသဖြင့် မသင်္ကာ၍ လိုက်လံခဲ့ရာ အဆိုပါယာဉ်မှာ တာဆုံအရောက်တွင် ရန်ကုန်-မန္တလေး အမှတ်(၁) လမ်းမကြီးအတိုင်း ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင်သွားသဖြင့် ရန်ကုန်-မန္တလေး အမှတ်(၁)လမ်းမကြီး လှည်းကူးမြို့ထွက် Toll Gate အရောက်တွင် တားဆီး၍ ဖွင့်ဖောက်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်အခြားခွဲသား(၁၂၄)ချောင်း၊ (၇ ဒသမ ၁၅၄၈)တန်အား ယာဉ်မောင်း စောလားပဲ(ခ)ဓူဝံနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    
ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်၊ ပစ္စည်းပိုင်ရှင်နှင့်ဆက်စပ်ပြစ်မှုကျူးလွန်သူများအား သစ်တောဥပဒေဖြင့် လှည်းကူး မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။    


နိုင်လင်း(လှည်းကူး)