လှည်းကူးနှင့် မောင်တောမြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၂  ဖေဖော်ဝါရီ 


လှည်းကူးမြို့နယ်၊ အမှတ်(၂)လမ်းမကြီးနှင့် ဆားတလင်းလမ်းဆုံ၌ လှည်းကူးမှ ဒါးပိန်ဘက်သို့ ကျော်နိုင်ဦး (ခ) ကျုံးကျင်လု (၂၃) နှစ်၊ (ဖ) ဦးကျုံးမင်းရှောင်၊ ပေါက်စောက် ကျေးရွာ၊ လှည်းကူးမြို့နယ်နေသူ မောင်းနှင်လာသည့် ဆိုင်ကယ်အား သတင်းအရ ပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီ ၂၀ ရက် ည ၁၀ နာရီခန့်တွင် ရပ်တန့်စစ်ဆေးရာ စိတ်ကြွဆေးပြား ၁၀ ပြား အားဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်မေးဖော်ထုတ်ချက်အရ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်း ကျေးရွာအနီးရှိကြက်ခြံမှ ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ၎င်းနေရာအား သွားရောက်ရှာဖွေခဲ့သည်။


ယင်းသို့ သွားရောက်ရှာဖွေရာတွင် ၎င်းနေရာမှ မောင်းထွက်လာသော အောင်ဇော်ဦး (ခ) အားဝေ၊ (ဖ) ဦးရှုံလွမ်းမာ၊ (၆) ရပ်ကွက်၊ တာမိုးညဲ၊ ကွတ်ခိုင်မြို့နယ်နေသူ မောင်းနှင်လာသည့် YGN 5I/------ Kluger ယာဉ်အားတွေ့ရှိရသဖြင့် ရှာဖွေစစ်ဆေးရာ ICE ဘလောက်တုံး ၁၉၉ တုံး၊ ၆၇ဒသမ ၆၆ ကီလို( ၁ ကီလိုလျှင် ၈၀,ဝ၀ဝ,ဝ၀ဝ ကျပ်နှုန်းဖြင့် ငွေကျပ် ၅,၄၁၂,၈၀ဝ,ဝ၀ဝ) အားဖမ်းဆီးရမိခဲ့သဖြင့် ဒါးပိန်နယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိခဲ့သည်။


အလားတူ မောင်တောမြို့နယ် နယ်မြေ (၃) တွင်လည်း ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၁ နာရီခန့်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ်  ချောင်းရိုးလျှိုအတွင်းမှ တောတိုးသံနှင့် စကားပြောသံများကြားရ၍ သွားရောက်ရှင်းလင်းရာ လူများ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ လျှိုအတွင်း၌ ပုဆိုးဖြင့်ထုပ်ဝှက်ထားသည့် အထုပ် ၃ ထုပ်အတွင်းမှ WY စိတ်ကြွဆေးပြား (၇၄၀ဝ၀) (၁ ပြားလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၁၄၈,ဝ၀ဝ,ဝ၀ဝ) အား သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရ ရှိသည်။        


MDN

 

123