နေပြည်တော် ၂၁ ဖေဖော်ဝါရီ
ဖယ်ခုံမြို့နယ်၊ လွယ်စေတီကျေးရွာ အနောက်ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁၀)ဧကခန့်အား ဖယ်ခုံမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေ ဦးစီးပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီ ၂၀ ရက်က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။