လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်၀န်ကြီးဌာန ပညာသင်ထောက်ပံ့ကြေးနှင့်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် အောင်မြင်သူများ၊ ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများကို ပညာရည်ချွန်ဆု ချီးမြှင့်

 

နေပြည်တော် ဇူလိုင်   

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခြင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် အောင်မြင်သူ များ၊ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရ ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် နာရီတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ရတနာခန်းမ၌ ကျင်းပသည်။

 

ဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် က တက္ကသိုလ် ဝင်စာမေးပွဲတွင် ထူးချွန်ထက်မြက်စွာ အောင်မြင်ကြသည့် ကျောင်းသား/ ကျောင်းသူများ အနေဖြင့် ဆရာ/မိဘ အုပ်ထိန်းမှုအောက်တွင် စည်းကမ်းပြည့်ဝစွာဖြင့် ပညာရည်မြင့်မား တိုးတက်အောင် အစဉ်တစိုက် ကြိုးပမ်းအား ထုတ်နိုင်ကြပြီး အနာဂတ်မြန်မာနိုင်ငံ တော်ကြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည့် နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေကြောင်း၊ ထူးချွန် ဝန်ထမ်းများအနေဖြင့်လည်းကျရာ တာဝန်ကျေပွန်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်း ကောင်းများအဖြစ် နိုင်ငံ့အကျိုးကို သယ်ပိုးရွက်ဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စု၀န်ကြီး ဦးသောင်းဟန်က (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့သူများကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်တို့က (၅)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ များကိုလည်းကောင်း၊ ဌာနအကြီးအကဲများက (၄)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရ ဝန်ထမ်းများကို လည်း ကောင်း ပညာသင်ထောက်ပံ့ကြေး၊ ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုဆုငွေ စုစုပေါင်းငွေကျပ် ၆၅၇,၆၆၅,၀၀/- ကို ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများ ကိုယ်စား () ဘာသာဂုဏ်ထူးရှင် မဆုရတနာထွန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနအကြီးအကဲများသည် ထူးချွန်ဆုရ ဝန်ထမ်းများ၊ ဂုဏ်ထူးရ ကျောင်းသား/သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)