လျှပ်စစ်ဓါတ်အားထုတ် ကျောက်မီးသွေးစက်ရုံတွေကို သတ်မှတ်အချိန်ထက် စောစီးစွာဖျက်သိမ်းမယ်

၁၆ ဇန်နဝါရီ

 

ဂျာမနီနိုင်ငံမှာ လျှပ်စစ်ဓါတ်အားထုတ်ပေးနေတဲ့ ကျောက်မီသွေးစက်ရုံတွေကို ၂၀၃၅ ခုနှစ်မှာ ဖျက်သိမ်းမယ်လို့ ရာသီဥတုပြောင်းလဲမှုကို တာဝန်ယူဖို့အတွက် ဖိအားပေးခြင်းခံနေရတဲ့ ဝန်ကြီးချုပ် အန်ဂျယ်လာ မာကယ်လ် နဲ့ ခေါင်းဆောင်တွေက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

 

6

 

ကျောက်မီးသွေးစက်ရုံတွေအား ဖျက်သိမ်းရန် မူလ ရည်ရွယ်ထားတဲ့နှစ်ထက် သုံးနှစ်စောပြီး ဖျက်သိမ်းမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

 

၂၀၂၆ ခုနှစ်မှာ ကျောက်မီးသွေး စက်ရုံတွေကို ပြန်လည်သုံးသပ်မှာဖြစ်ပြီး ၂၀၂၉ ခုနှစ်မှာ သုံးနှစ်စောပြီး ပိတ်နိုင်၊ မပတ်နိုင်ကို စစ်ဆေးမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

 

ကျောက်မီးသွေးစက်ရုံပိုင်ရှင်တွေအား နစ်နာကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံ (ယူရိုငွေ ၄.၃၅ ဘီလီယံ) ကို စက်ရုံပိတ်ပြီးနောက် ၁၅ နှစ် အတွင်း ခွဲပြီး ပေးသွားမှာဖြစ်ပါတယ်။

 

2

 

ကျောက်မီးသွေးစက်ရုံတွေဖျက်သိမ်းရန် ဥပဒေမူကြမ်းကို ဝန်ကြီးတွေက ဇန်နဝါရီလအတွင်း တင်သွင်းရမှာဖြစ်ပြီး အဲဒီဥပဒေမူကြမ်းကို ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းမှာ အတည်ပြုပေးရမှာဖြစ်ပါတယ်။

 

ဂျာမနီနိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ ၆၅ ရာခိုင်နှုန်း ကာဗွန်ကင်းစင်တဲ့ နိုင်ငံဖြစ်လာရေးကို ပစ်မှတ်ထားပြီး ကျောက်မီးသွေးကနေ သန့်စင်စွမ်းအင်ဆီသို့ စွမ်းအင်ကူးပြောင်းရေးအတွက် အလျင်အမြန်လုပ်ဆောင်ဖို့ ဖိအားပေးခြင်း ခံနေရပါတယ်။

 

MDN

ကိုးကား - AFP