လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ရေး ဉရောပကားထုတ်လုပ်သူများ ကြိုးပမ်း

 

ဘရပ်ဆဲလ် ဇူလိုင် ၂

၂၀၃၅ ခုနှစ် အရောက်တွင် ဓာတ်ဆီနှင့် ဒီဇယ်သုံးကားများ ရောင်းချမှုကို ထိထိရောက်ရောက် ပိတ်ပင်တော့မည်ဟု ဥရောပ သမဂ္ဂကကြေညာပြီးသည့်နောက် လျှပ်စစ်ကားများ ပြောင်းလဲ ထုတ်လုပ်နိုင်ရေးအတွက် ဥရောပ ကားထုတ်လုပ်သူများက အရှိန်အဟုန်မြှင့်ကြိုးပမ်းလျက်ရှိသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး ကားထုတ်လုပ်မှုတွင် တင်းကျပ်မှုများ ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိသည်။ ဂျာမနီကား ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Daimler သည် ၎င်းတို့ကုမ္ပဏီ၏ ဇိမ်ခံမော်ဒယ် Goca Mercedes-Benz o ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ကား အဖြစ် ထုတ်လုပ်မည်ဟု ၎င်းတို့၏ အစီအစဉ်ကို ပြောကြားခဲ့သည်။

ဘက်ထရီနှင့် အခြားသော လိုအပ်သည့် အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ရေးအတွက် ကုမ္ပဏီ ( အနေဖြင့် ယူရို ၄၀ ဘီလီယံ သို့မဟုတ် ၄၇ ဘီလီယံ ဒေါ်လာကို ရင်းနှီးမြှုပ်နှံမည်ဟုလည်း ပြောကြားခဲ့သည်။ အခြားသော ဥရောပကားကုမ္ပဏီကြီးများဖြစ်သည့် Jaguari Audi နှင့် Volvo တို့သည်လည်း အဆိုပါ အစီအစဉ်အတိုင်း လိုက်နာမည်ဟု သိရသည်။

ကာဗွန်ကင်းစင်ရေးအတွက် ပြုလုပ်နိုင်ရေးမှာ တစ်ကမ္ဘာလုံးအနှံ့ တောင်းဆိုမှုများ များပြားနေသည်။

အင်န်အိတ်ချ်ကေ