လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

နေပြည်တော်        ဇွန်      ၂၈

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Unitrust Enterprise Group Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Aiqar iCar 03 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Aiqar eQ7 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Mandalar Minn Trading & Transportation Co., Ltd. မှ တင်သွင်းလာသော Asiastar အမှတ်တံဆိပ် လျှပ်စစ်သုံး ခရီးသည်တင်ယာဉ်နှင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော် ဆိုင်ကယ်သည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)