လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အတွက်  အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၇

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd.မှ တင်သွင်းလာသောတရုတ်နိုင်ငံထုတ် Leapmotor T03 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊Auto Top Power Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ် များ၊ Dongfeng Motor Corporation Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Myanmar ArrThit Man Motor Co., Ltd.မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် CJNOO အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ သည်ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)