လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers(ToT)သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနာကျင်းပ

 

ရန်ကုန်၊ မတ် ၃၁

 

မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း အသုံးပြုလာကြတော့မည့် လျှပ်စစ်သုံးယာဉ်များ အတွက် ရည်ရွယ်၍ လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers(ToT) သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းက  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်းက သင်တန်းဆင်းပွဲ အဖွင့်အမှာစကားပြောကြားပြီး လျှပ်စစ်သုံးယာဉ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့မှု ၊ လျှပ်စစ်သုံးယာဉ် ဆိုင်ရာသင် တန်းများတွင်  ထိရောက်သော သင်ကြားသင်ယူမှု ပြုလုပ်နိုင်ရန်အတွက် သင်ထောက်ကူပစ္စည်း များ ဖြည့်ဆည်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ToT သင်တန်းနှင့် ပုံမှန်ဆင့်ပွားသင်တန်း များကို ဆက်လက်သင်ကြား ပို့ချပေးသွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။

 

လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ToT သင်တန်း အမှတ်စဉ်(၂) တွင် (၁) Electric Power Train (၂) Electrical Power System (၃) Practical Approach to Electronics in EV (၄) Sensor and Networking Technology (၅) Automotive Material နှင့် (၆) Theory of Automobile ဘာသာရပ်များ သင်ကြားပို့ချပေးသည်။ အဆိုပါသင်တန်းသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ(၅)ဦး၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီး ဌာနမှ(၁၀)ဦး နှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ (၆)ဦး စုစုပေါင်း သင်တန်းသား (၂၁)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ မတ်၆ရက်မှ ၃၁ရက်အထိ  တစ်ပတ်လျှင် ၅ ရက်၊ တစ်ရက်လျှင် ၆ နာရီနှုန်းဖြင့် စုစုပေါင်းနာရီ ၁၂၀ ဖြင့် လေ့ကျင့်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)