လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များရောက်ရှိ

နေပြည်တော် မေ ၉

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gyi Group of Co., Ltd. မှ တင်သွင်းလာသော JAC အမျိုးအစား၊ လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60 KW (၁၅) စုံသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာ ပါသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ပါကြောင်နှင့် အဆိုပါ လျှပ်စစ်သုံးယာဉ်အားသွင်းစက် တင်သွင်းခြင်းအတွက် အကောက် ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

သတင်းစဉ်