ရန်ကုန် နိုဝင်ဘာ ၁၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ဓာတ်အားဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ၂၃၀ ကေဗွီ ဧရာဝဏ် ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၆၆ ကေဗွီ ဧရာဝဏ်(၁)ဖီဒါ လျှပ်စစ်ဝန်အားပိုနေခြင်းအား လျှပ်စစ်ဝန်အားမျှနိုင်ရန်အတွက် ၆၆ ကေဗွီ ဧရာဝဏ်ဖီဒါ(၃)နှင့် ဖီဒါ (၄)သို့ ဓာတ်အားပို့လွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ထို့နောက် လာမည့်နွေရာသီကာလတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အား ဧရာဝဏ်ဖီဒါ(၃)ဖြင့် လည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အား ဧရာဝဏ်ဖီဒါ (၄)ဖြင့်လည်းကောင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လိုင်းဆက်သွယ်မှုများ ပြင်ဆင်ဆောင်ရွက်ခြင်း ၂၃၀ ကေဗွီ ဧရာဝဏ်ဓာတ်အားခွဲရုံမှ လျှပ်စစ်ဝန်အား ခွဲဝေဖြန့်ဖြူးမည့် ၆၆ ကေဗွီ ဧရာဝဏ် ဓာတ်အားခွဲရုံနှင့် ရတနာဓာတ်အားခွဲရုံ၊ ၆၉ ရပ်ကွက် ကျောက်ဖြူလမ်းနှင့် ပုဂံလမ်းထောင့်ရှိ ၆၆ / ၆ ဒသမ ၆ ကေဗွီ(၅)အမ်ဗွီအေ စည်ပင်ရေတွန်း စက်ဓာတ်အားခွဲရုံ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ၆၆ ကေဗွီ ကုန်ပဒေသာ ဓာတ်အားခွဲရုံများကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားပြတ်တောက်မှု နည်းပါးစေရေး၊ ဓာတ်အားခွဲရုံများ ကြံ့ခိုင်ကောင်းမွန်စေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထား ဆောင်ရွက်သွားရန် မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သစ္စာ(Org)