လပွတ္တာခရိုင်အတွင်းရှိ ဒေသထွက်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

လပွတ္တာ မေ ၁

 

နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် အထောက်အကူပြုနိုင်ရန်အတွက် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ခရိုင်အတွင်းရှိ မြို့နယ်များမှ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ၏ လုပ်ငန်းများမှ ဒေသထွက်ကုန်စည်များပြပွဲကို မေ ၁ ရက် နံနက်၉နာရီချိန်က လပွတ္တာမြို့ရှိ နေသူရိန်အားကစားကွင်းတွင် ကျင်းပခဲ့သည်။

 

အဆိုပါ ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဇွဲသူဟိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီး ဟန်ဝင်းအောင်၊ မော်လမြိုင်ကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့မိမြို့ဖများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

 

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ လပွတ္တာခရိုင်အတွင်းရှိ မြို့နယ်များမှ အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများမှ ထုတ်လုပ်သော ကုန်စည်များအား ခင်းကျင်းပြသခြင်းကို မေ (၁)ရက် မှစ၍ (၅)ရက်တာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပြခန်းပေါင်း(၂၁)ခန်းဖြင့် ဒေသထွက် ကုန်စည်များကို ခင်းကျင်းပြသလျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)