လပွတ္တာ ဇွန် ၂၇

 

ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ခြင်း၊ ငွေနှင်းမှိုနှင့် ကောက်ရိုးမှို စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုး ကွင်းသရုပ်ပြခြင်း အခမ်းအနားကို ဇွန် ၂၄ ရက် က မြွေဟောက်ကျေးရွာအုပ်စု တောင်သူ ဦးမန်းဖြူ လယ်မြေ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်က အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းစိုးက ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်းနှင့် မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းအကြောင်းကို ရှင်းလင်းဆွေးနွေးကာ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က သစ်စိမ်းမြေသြဇာထည့်သွင်းမြေမြှုပ်ခြင်းနှင့် မှိုစိုက်ပျိုးခြင်းအကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ ငွေနှင်းမှိုနှင့် ကောက်ရိုးမှိုများကို ပေးအပ်ခဲ့ကာ လက်တွေ့သရုပ်ပြ စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)