လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကို အပြည့်အဝကာကွယ်မယ့် ဗြိတိန်

mdn

ကလျာမိုးမြင့် - ရေးသားသည်

 

ခုလအတွင်း ဗြိတိန်ရဲ့ ရေနံတင်သင်္ဘောတစ်စင်းကို အီရန်က ဖမ်းဆီးထိန်းသိမ်းတာခံလိုက်ရပြီးတဲ့နောက်မှာ လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကို ကာကွယ်ဖို့အတွက် ဗြိတိန်တော်ဝင် ရေတပ် ဖွဲ့ဟာ ဟော်မုဇ်ရေလက်ကြားအတွင်းမှာ ဗြိတိန် အလံလွှင့်ထူထားတဲ့ ရေယာဉ်တွေနဲ့ အတူတကွ လိုက်ပါခုတ်မောင်းသွားတော့မှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

 

တူတကွလိုက်ပါ

 

ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်း သွားလာတဲ့အခါ ဗြိတိန်အလံလွှင့်ထားတဲ့ သင်္ဘော တွေနဲ့အတူ သီးခြားစီ ဒါမှမဟုတ် အုပ်စုလိုက် အတူတကွလိုက်ပါဖြတ်သန်းဖို့ တော်ဝင်ရေတပ်ဖွဲ့ကို တာဝန်ပေးအပ်ခြင်းခံရတယ်၊ဒီလိုဖြတ်သန်းမှုအတွက် လုံလောက်တဲ့ သတိပေးအကြောင်းကြားမှု ပြုလုပ်ဖို့ လိုတယ်လို့ ဗြိတိန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက သုံးသပ်ထားပါတယ်။

 

အသက်သွေးကြော

 

လွတ်လပ်စွာရေကြောင်းသွားလာမှုဟာ ကမ္ဘာ လုံးဆိုင်ရာကုန်သွယ်ရေးစနစ်နဲ့ ကမ္ဘာ့စီးပွားရေး အတွက် အသက်သွေးကြောသဖွယ် အရေးကြီးတဲ့အရာဖြစ်ပြီး ဒါကိုကာကွယ်ဖို့ ကျွန်ုပ်တို့အနေနဲ့ တတ်စွမ်းသမျှ လုပ်ဆောင်သွားရမှာပဲလို့ ဆိုပါတယ်။ ပင်လယ်ကွေ့ဒေသအတွင်းမှာ ဥရောပ ဦးဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ရပ် ဒါမှမဟုတ် အမေရိကန်နဲ့အတူတကွ တွဲဖက်ဆောင် ရွက်မယ့် နိုင်ငံတကာရေကြောင်းသွားလာမှု ကာကွယ်ရေးအင်အားစုတစ်ရပ် ဖွံ့ ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေမလုပ်ဆောင်ခင် ကြားဖြတ်အစီအစဉ်တစ်ခုအနေနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။

 

ချဉ်းကပ်မှုမတူ

 

နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီဟန့်က ဥရောပရေကြောင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းဖို့ အဆိုပြု နေပြီး ဒီလိုဖွဲ့စည်းတာက အမေရိကန် ဦးဆောင်တဲ့ စောင့်ရှောက်ရေးတပ်ဖွဲ့ထက် ပိုပြီး အထောက်အကူဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ အီရန်နျူကလီးယား သဘောတူ စာချုပ်ကို တစ်ချိန်လုံးစွန့်လွှတ်ချင်နေခဲ့တာဖြစ်ပြီး ဥရောပအင်အားကြီးနိုင်ငံတွေကတော့ အမေရိကန် လို မဟုတ်ခဲ့ပါဘူး။ နျူကလီးယားသဘောတူစာချုပ်အရေးနဲ့ ပတ်သက်ပြီး အမျိုးသားရေးအရ မတူညီတဲ့ချဉ်းကပ်မှု ပုံစံတွေက ဟော်မုဇ်ရေလက်ကြားတစ်လျှောက် ဥရောပကုန်တင်သင်္ဘောတွေ ကူးသန်းသွားလာမှုကို ကာကွယ်ဖို့အတွက် စေ့စပ်ညှိနှိုင်းမှုအသွင်ဆောင်လိုတဲ့ အခြေအနေမျိုးလား လို့လည်း တွေးထင်ဖွယ်ရာရှိလာပါတယ်။

 

ညီလာခံကျင်းပမယ်

 

ပင်လယ်ကွေ့နိုင်ငံအချို့က နိုင်ငံတကာ ရေကြောင်းဆိုင်ရာ ညီလာခံတစ်ရပ်ကျင်းပဖို့ အဆိုပြုနေကြ ပြီး ရေကြောင်းသွားလာမှုဆိုင်ရာ အခြေခံစည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး သဘော တူညီမှုရအောင် ကြိုးစားဖို့အတွက် အဲဒီညီလာခံမှာ အီရန်ကိုပါ ဖိတ်ကြားစေချင်နေကြပါတယ်။ ညီလာခံကိုတော့ ပြင်သစ် ဒါမှမဟုတ် ဂျာမနီနိုင်ငံမှာ ကျင်းပ မှာဖြစ်ပြီး အိန္ဒိယ၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေသာမက ပင်လယ်ကွေ့ နိုင်ငံတွေဖြစ်ကြတဲ့ ဆော်ဒီအာရေဗျနဲ့ အာရပ် စော်ဘွားများ ပြည်ထောင်စု( ယူအေအီး) နိုင်ငံ တွေပါဝင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

 

လက်တုံ့ပြန်မ

 

ညီလာခံကျင်းပဖို့ ထောက်ခံသူတွေက ကွန်ဖရင့်ဟာ ကုန်တင်သင်္ဘောတွေ သွားလာမှုကို ခြိမ်းခြောက် လာမှုတွေနဲ့ပတ်သက်ပြီး စောစီးစွာ သတိပေးခြင်းနဲ့ အကြံပြုချက်တွေ ပေးအပ်မယ့် အဖွဲ့တစ်ဖွဲ့ ထူထောင်ဖို့ ဒါမှမဟုတ် ကုန်တင်သင်္ဘော တွေသွားလာမှုရဲ့ မရှိမဖြစ်အရေးပါမှုနဲ့စပ်လျဉ်းတဲ့ စုပေါင်းညှိနှိုင်းမှုဆိုင်ရာ ဖော်ပြချက်တစ်ရပ်ကိုတော့ အနည်းဆုံးသဘောတူညီနိုင်လိမ့်မယ်လို့ အခိုင် အမာပြောဆိုလျက်ရှိပါတယ်။

 

ဟော်မုဇ်ရေလက်ကြားတစ်လျှောက်ကို မဖြတ် သန်းမီမှာ ဗြိတိန်အလံလွှင့်ထားတဲ့ သင်္ဘောတွေကို ဆက်သွယ်ဖို့ တော်ဝင်ရေတပ်ဖွဲ့ကိုလည်း အကြံပြုချက် ထုတ်ပြန်ထားပြီဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံက ပိုင်ဆိုင်ပြီး ဗြိတိန်အလံလွှင့်ထူထားတဲ့ စတီနာအင် ပီရိုသင်္ဘောကို ပြီးခဲ့တဲ့တစ်ပတ်အကြာက အီရန်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပြီး ဒီလုပ်ရပ်ဟာ ဆိုရင် ဗြိတိန်နယ်နိမိတ်ဖြစ်တဲ့ ဂျီဘရော်တာမှာ အီရန်ရေနံတင်သင်္ဘောတစ်စင်း ဖမ်းဆီးခံလိုက် ရတဲ့အပေါ် မကျေနပ်တဲ့အတွက် လက်တုံ့ပြန်မှုတစ် ခု ဖြစ်ဟန်ရှိပါတယ်။

 

ဖြတ်သန်းဖို့အသင့်

 

ဒီကိစ္စတွေ ဖြစ်ပျက်သွားပြီးတဲ့နောက် လတ် တလောအချိန်မှာ ဗြိတိန်သင်္ဘောတွေ ဟော်မုဇ် ရေလက်ကြားအတွင်း သွားလာမှုတွေ မလုပ်သေးဖို့ အကြံပြုထားပေမယ့် Cayman ကျွန်းစုအလံလွှင့် ထားတဲ့ ဓာတုရေနံတင်သင်္ဘော Oriental Fr-eesia နဲ့ ဘာမြူဒါအလံ လွှင့်ထူထားတဲ့ BW Nantes သင်္ဘောတွေက အဲဒီလိုသွားလာဖို့ အသင့် ဖြစ်နေပုံရှိပါတယ်။ကျန်တဲ့ တခြားရေနံတင်သင်္ဘောတွေ ကတော့ သယ်ယူပို့ဆောင်ရေးဌာနရဲ့ အကြံပြုချက်တွေကို လိုက်နာနေပုံရှိပြီး တော်ဝင်ရေတပ်ဖွဲ့က လိုက်ပါ စောင့်ကြပ်ပေးဖို့ စောင့်ဆိုင်းနေပါတယ်။ HMS Montrose သင်္ဘောဟာ လတ်တလောမှာ ဟော် မုဇ်ရေလက်ကြား ဧရိယာအတွင်းမှာရှိနေပြီး HMS Duncan  နေရာမှာ အစားထိုးမယ်လို့ သိရပါတယ်။

 

ခြေခံစည်းမျဉ်း

 

ဗြိတိန်ကုန်သင်္ဘောသွားလာမှုအဖွဲ့ရဲ့ အကြီးအကဲ ဘော့ဆန်ဂွီနက်တီက လွတ်လပ်စွာရေကြောင်း သွားလာမှုဆိုတာဟာ နိုင်ငံတကာရေ ကြောင်းသွားလာမှု ဥပဒေရဲ့ အခြေခံကျတဲ့ စည်း မျဉ်းတစ်ရပ်ဖြစ်တယ်၊ ဒါကိုကာကွယ်ဖို့ ကြိုးပမ်းတဲ့ လုပ်ဆောင်ချက်က လိုအပ်တဲ့ လုံခြုံဘေးကင်းမှုကို အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်မှာဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ ကုန်သင်္ဘောသွားလာမှု အဖွဲ့အစည်းကို အခုလိုအချိန်အခါမျိုးမှာ သံသယကင်းစေတဲ့ အခြေအနေတစ်ခုကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ် လို့ ၎င်းက အခိုင်အမာပြောဆိုလျက်ရှိပါတယ်။

 

ဆုံးရှုံးခဲ့

 

သို့သော်လည်းပဲ ခြိမ်းခြောက်မှုအန္တရာယ်တွေကနေ သင်္ဘောတစ်စင်းစီ သို့မဟုတ် သင်္ဘောစု တစ်ခုလုံးကို ကာကွယ်ဖို့က ဗြိတိန်အတွက် အရေး ပေါ်တာဝန်တစ်ရပ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ လေးလ အတွင်းမှာပဲ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်တဲ့ ဘရီးဇစ်အရေးခြိမ်းခြောက်မှုကြောင့် ဗြိတိန်ရဲ့ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်မှု စာရင်းမှာ ယခင်ကရှိခဲ့တဲ့ ကုန်စည်ပို့ဆောင်မှုပမာဏရဲ့ တန်ချိန် သုံးပုံတစ်ပုံလောက် ဆုံးရှုံးမှုရှိခဲ့ပြီး အခုဆိုရင် ဗြိတိန်အနေနဲ့ ဓနသဟာယနိုင်ငံများထဲမှာ ပါဝင် နိုင်ဖို့အတွက် ဆက်လက် ကြိုးပမ်းနေရပါတယ်။

 

ပစ်မှတ်ဖြစ်လာမလား

 

ခုချိန်မှာ သင်္ဘောတွေအများစုက တစ်နေ့နေ့မှာ ၎င်းတို့ဟာ အီရန်ရဲ့ ပစ်မှတ်ထားခြင်းကို ခံရတဲ့ အခြေအနေရောက်လာမလားဆိုပြီး စိုးရိမ်ထိတ် လန့်နေရပါတယ်။ ဘာပဲဖြစ်ဖြစ် တော်ဝင်ရေတပ်ဖွဲ့ ကတော့ ဟော်မုဇ်ရေလက်ကြားအတွင်းမှာ လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကို ကာကွယ်ဖို့ အတွက် ဗြိတိန်ရေယာဉ်တွေနဲ့ အတူတကွလိုက်ပါ ဖို့ ပေးအပ်ထားတဲ့တာဝန်ကိုထမ်းဆောင်ဖို့ အသင့် ဖြစ်နေခဲ့ပါပြီ။ ။ 

 

ကိုးကား-သည်ဂါဒီယန်