လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေး နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ဘိုင်ဒင်နှင့် မိုဒီတို့ သဘောတူညီ

ဝါရှင်တန် ဖေဖော်ဝါရီ ၉

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီတို့သည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသဖြစ်ရေး နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဖေဖော်ဝါရီ ၈ ရက်တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုသည် အမေရိကန်နိုင်ငံသမ္မတအဖြစ် ဂျိုးဘိုင်ဒင်စတင်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး၏ ပထမဆုံးအကြိမ် ဆက်သွယ်ဆွေးနွေးမှုဖြစ်ကြောင်းလည်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီတို့သည် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် အနီးကပ်လက်တွဲဆောင်ရွက်ရန်၊ ရာသီဉတုပြောင်းလဲမှုဆိုင်ရာ မိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်ရန်၊ နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းတစ်ရပ်ဖြင့် ကမ္ဘာ့စီးပွားရေး ပြန်လည်တည်ဆောက်ရန်နှင့် သန္နိဠာန်ချခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တစ်ခုအတွင်း အိမ်ဖြူတော်က ပြောကြားသည်။

ထို့ပြင် ဂျိုးဘိုင်ဒင်၏ ရာသီဉတုပြောင်းလဲမှုဆိုင်ရာရည်မှန်းချက်များနှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် နုတ်ထွက်ခဲ့သည့် ရာသီဉတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်တွင် ပြန်လည်ပါဝင်မည့် အစီအစဉ်ကို မိုဒီက ကြိုဆိုခဲ့ကြောင်း အိန္နိယဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်