လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

အင်တော  ၄  ဇန်နဝါရီ 


အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့ နံနက် ၉ နာရီက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ ဆောင်ရွက်ခဲ့သည်။


ပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား ကျောင်းသူ ၄၀ က စိတ်ပါဝင်စားစွာဖြင့် ရုပ်ပုံများပေါ်တွင် ဆေးရောင်ခြယ် ဝင်ရောက်ယှဉ်ပြိုင်ပြီး ကျောင်းသား ကျောင်းသူများအား ပြန်/ဆက်ဦးစီးဌာန ဦးစီးမှူးနှင့် ဆရာမများက အမှတ်တရအရုပ်များပေးအပ်ခဲ့ကြောင်း သိရသည်။


အောင်ခိုင်(အင်တော)