လွတ်လပ်ရေးနေ့ည ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များ ရန်ကုန်မြို့တော်ခန်းမရှေ့၌ တင်ဆက်မည်

ရန်ကုန် ၂ ဇန်နဝါရီ

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုဖျော်ဖြေရေး အစီအစဉ်ကို ယင်းနေ့ညပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ အနုပညာရှင်များ၏ အပျိုတော်၊ ကိုကြီးကျော်(သဘင်)၊ မြင်းခင်းတော်(သဘင်)၊ မြန်မာ့ကြွေးကြော်သံ (ဂီတ)၊ ပြည်တော်ဝင်(ဂီတ)၊ နှစ်ပါးသွား(သဘင်)၊ ခေတ်(၅)ခေတ် ယိမ်းအက(သဘင်)၊ ဗိုလ်ရှုသဘင် (ဂီတ)၊ ဂီတဗိမ္မာန်(ဂီတ)၊ ပန်းရည်ဘဏ်တိုက်(သဘင်)၊ ထာဝရမြန်မာ၊ သံစုံတီးဝိုင်းနှင့် အဆိုအက (ဂီတ+သဘင်)၊ အငြိမ့်ခန်းတို့အပြင် နိုင်ငံကျော်အဆိုတော်များဖြစ်သည့် ခင်ညွန့်ရည်၊ မောင်သိန်းဝင်း၊ တက္ကသိုလ်လဲ့လဲ့၊ ဟေမာနေဝင်းနှင့် ဖိုးသောကြာတို့ကလည်း ပါဝင်ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)