လုံခြုံရေး တင်းကျပ်မှုကြားက ဟောင်ကောင်ဆန္ဒပြသမားများ

၁ အောက်တိုဘာ

 

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့် အခမ်းအနားအတွက် ဟောင်ကောင်တွင် လုံခြုံရေး တင်းကျပ်ထားကြောင်း ဖော်ပြထားသည်။

 

 

ဒီမိုကရေစီ လိုလားသည့် တက်ကြွလှုပ်ရှားသူများသည် ထိုနယ်မြေတွင် လူစုလူဝေးဖြင့် ဆန္ဒပြကာ တောင်းဆိုခဲ့ကြသည်။

 

 

ယနေ့မနက် အစောပိုင်းက ဆန္ဒပြသမားများသည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ကာ လမ်းများပေါ်တက် ဆန္ဒပြခဲ့ကြရာ ဆန္ဒပြသူ အများအပြား ဖမ်းဆီးခံခဲ့ရကြောင်း သတင်းများအရ သိရသည်။

 

 

ဟောင်ကောင်အစိုးရက ထိုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။ ရဟတ်ယာဉ်များသည် တရုတ်နှင့်ဟောင်ကောင် အလံများကို သယ်ဆောင်ကာ ဗစ်တိုးရီးယားဆိပ်ကမ်းပေါ်ဖြတ်ကျော် ပျံသန်းခဲ့ကြသည်။

 

 

အဆိုပါနေ့တွင် ဆိုင်အချို့ ပိတ်သိမ်းထားပြီး ဆန္ဒပြရန် စီစဉ်ထားသည့် နေရာအနီးရှိ မြေအောက်ရထားဘူတာရုံများ ရထားပြေးဆွဲမှု ခေတ္တရပ်ဆိုင်းထားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန် - မြင့်မြင့်ချို