ထားဝယ် ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား မိုးကာ၊ ဝတ်စုံနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြည်သူလူထုနှင့် နိုင်ငံ့ဝန်ထမ်းများ အေးချမ်းလုံခြုံမှုရှိစွာ နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် နေ့စဉ်လုံခြုံရေးတာဝန်များကို ဆောင်ရွက်ပေးကြသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများ အနေဖြင့်လည်း ကျရာအခန်းကဏ္ဍမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအား မိုးကာ၊ ဝတ်စုံနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


