နေပြည်တော် ဇွန် ၂၁

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်စေရန် အဓိကဖြစ်သည့် နယ်မြေတည်ငြိမ်အေးချမ်း၍ ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တပ်မတော်က စွမ်းစွမ်းတမံ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်နှင့်အညီ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များသာမက ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်လည်း နိုင်ငံတော်အစိုးရ၊ ဒေသခံ ပြည်သူလူထုနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

 

တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထုဘဝများ လုံခြုံအေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်း လုံခြုံရေးတာဝန်များ ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များသည် ဇွန် ၂၀ ရက်တွင် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ရေနံချောင်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၂၁၀၀၀ ခန့်အကွာရှိ လွန်းပင်ရှိုကျေးရွာ၏ ကျေးရွာစာကြည့် တိုက်အတွင်း၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အသုံးအဆောင်ပစ္စည်းများဖြစ်သည့် မော်တော် ဆိုင်ကယ် တစ်စီး၊ စားဆီ ငါးဂါလန် ငါးပုံး၊ ပြောက်ကျား ယူနီဖောင်း ငါးစုံ၊ ပြောက်ကျား ဦးထုပ် ငါးလုံး၊ တစ်ပေခွဲပတ်လည် ဆိုလာ တစ်ချပ်၊ ၄ ပေ ၈ ပေ ပတ်လည် ဆိုလာ တစ်ချပ်၊ Inverter တစ်လုံး၊ ၁၂ ဗို့ ဘက်ထရီ တစ်လုံး၊ Sound Box တစ်လုံး၊ အရပ်ကျောပိုးအိတ် နှစ်လုံး၊ ကိုးလုံးကျည် ၁၈ လုံးပါ တစ်တွဲ၊ နွေဦးထီ ၂၅ စောင်ပါ စာအုပ် ၁၅ အုပ်၊ YGN စာတမ်းပါ ဘက်တံဆိပ် ၃၇ ခုနှင့် မကွေးပြည်သူ့ကာကွယ်ရေး တံဆိပ်တစ်ခုတို့အား သိမ်းဆည်းရရှိခဲ့သည်။ 

 

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မွန်းလွဲပိုင်းတွင် ညောင်ပင်ကားကျေးရွာ၏ တောင်ဘက် မီတာ ၁၅၀ ခန့်၌ ယာယီစစ်စခန်းအဖြစ် နေထိုင်ခဲ့သည်ဟု ယူဆရသည့်နေရာအား ထပ်မံတွေ့ရှိခဲ့ရပြီး လူ ၂၀ ဆံ့ ယာယီတဲတစ်လုံး၊ ကင်းတဲ နှစ်လုံးနှင့် လက်လုပ်နင်းမိုင်းမျိုးစုံ ၁၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ အလားတူ ကန်သာကျေးရွာအနီး နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၉၅၀ ခန့်၌ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစခန်းချ နေထိုင်ခဲ့သည့် နေရာတစ်ခုအား ထပ်မံတွေ့ရှိခဲ့ရပြီး လက်လုပ်ဗုံးသီး ၁၁၇ လုံး၊ စက္ကူပတ်ခဲယမ်းပျော့ နှစ်အိတ်၊ ကျည်ကာအင်္ကျီတစ်ထည်၊ TNT အားမြှင့် ယမ်း ၂၁ ခု၊ ရန်သူ့တန်းစီကွင်းတစ်ကွင်း၊ ရန်သူ့ခန်းမ တဲတစ်လုံး၊ လူ ၂၀ ဦးဆံ့ အိပ်ဆောင်တဲတစ်လုံး၊ သံခုတင်လေးလုံး၊ မော်တော်ဆိုင်ကယ်နှစ်စီး၊ ဆိုလာ တစ်ချပ်၊ ဝရိန်စက်တစ်လုံး၊ ဝရိန်ချောင်း (အကြီး) တစ်ထုပ်၊ လမ်းလျှောက်စကားပြောစက်ငါးလုံး၊ လက်လုပ်ဗုံးသီးအခွံပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

 

ထို့ပြင် နတ်မောက်မြို့နယ်အတွင်း လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၇ ရက်တွင် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် နတ်မောက်မြို့နယ် အိုင်မကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၀၀ ခန့်အကွာ၌ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူ အလောင်းနှစ်လောင်း၊ စနိုက်ပါသေနတ် တစ်လက်နှင့် ၇ ဒသမ ၆ ၂ မမကျည် တောင့် ၁၂၀၀ တို့အား သိမ်းပိုက်ရရှိခဲ့သည်။

 

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ဒေသခံပြည်သူလူထုအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့်လုပ်ငန်း ဆောင်ရွက်ခြင်းများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြသည်။

 

တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် ဆောင်ရွက်လိုကြသည့် တာဝန်သိပြည်သူများအနေဖြင့် အကြမ်းဖက် သမားများ၏ သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်