လုပ်ငန်းဆက်လက်ရပ်တည်နိုင်ဖို့ ဝန်ထမ်းအင်အားလျှော့ချခဲ့ရတဲ့ လေယာဉ်ကုမ္ပဏီများ

ကလျာမိုးမြင့်

ယခုရက်ပိုင်းအတွင်းမှာ အမေရိကန်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဘိုးရင်းက ဝန်ထမ်းပေါင်း ၇၀၀၀ နီးပါးကို အလုပ်ဖြုတ်ခဲ့ရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်မှုအတောအတွင်း လေကြောင်းခရီးစဉ်တွေ လျော့ကျသွားခဲ့တဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုကြောင့် ကုမ္ပဏီရဲ့ အလုပ်အကိုင်ပေါင်း ၁၆၀၀၀ လျှော့ချမယ့်အစီအစဉ်အရ ဝန်ထမ်းတွေကို မဖြစ်မနေ ဖယ်ရှားလိုက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

မလွှဲသာတဲ့အခြေအနေ

တခြားဖြေရှင်းနိုင်မယ့် နည်းလမ်းရှာတွေ့ဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ဘယ်လိုမှအဆင်မပြေတော့ တဲ့အတွက်မလွှဲသာတဲ့အခြေအနေတွေအရ ဝန်ထမ်းတွေ ကိုလျှော့ချဖို့အချိန် ရောက်လာရတယ်လို့ ကုမ္ပဏီရဲ့ စီအီးအိုကယ်လ်ဟွန်းက မေ ၂၇ ရက်က ဝန်ထမ်းတွေကို အကြောင်းကြားတဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ဆိုထား ပါတယ်။

တာဝန်ကနေ ရပ်ဆိုင်းမယ့် ဝန်ထမ်းအလုပ်သမား တွေကို အကြောင်းကြားစာ ထုတ်ထားချိန်မှာပဲဝန်ထမ်း အများစုကို လာမယ့်ဇူလိုင်လကုန်အထိ လစာပေးထား မှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီနေ့မှာပဲ ဘိုးရင်းရဲ့ ဝန်ထမ်း ၅၅၂၀ တို့ဟာ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ဖို့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြ တယ်လို့ သိရပါတယ်။ ။ နောက်တစ်ချီထပ်လာမည် ဒီအခြေအနေက ဘိုးရင်းကုမ္ပဏီရဲ့ အလုပ်အကိုင် လျှော့ချမှုကို ၁၂၀၀၀ ကျော်အထိ ရောက်ရှိစေခဲ့ပါတယ်။ ပြီးခဲ့တဲ့လကတည်းက ကုမ္ပဏီရဲ့ အလုပ်အကိုင်ပေါင်း ၁၆၀၀၀ အထိလျှော့ချဖို့ရှိတယ်ဆိုတဲ့အကြောင်း ဘိုးရင်း ကထုတ်ဖော်ပြောကြားခဲ့ပြီးသားပါ။ ဒီတော့နောက်ထပ် လာမယ့်လအနည်းငယ်အကြာမှာ နောက်တစ်ချီထပ် ပြီးဝန်ထမ်းလျှော့ချမှုတွေ လုပ်ဆောင်ရဦးမှာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ထုတ်လုပ်မှုရပ်ဆိုင်း

ဘိုးရင်းနဲ့ ယှဉ်ပြိုင်ဘက် လေယာဉ်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ အဲဘတ်စ်တို့ဟာ ကပ်ရောဂါရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတစ်ခုဖြစ်တဲ့ လေကြောင်းခရီးစဉ်တွေ ထိုးကျသွားမှုကြောင့်၎င်းတို့ရဲ့လေယာဉ်တွေအများစုဟာ ခရီးစဉ်နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် လေယာဉ်ဝယ်ယူဖို့ အမှာစာတွေ ပယ်ဖျက်လိုက်မှုကြောင့် ( တစ်ကမ္ဘာလုံးမှာရှိတဲ့ ၎င်းတို့ရဲ့ လေယာဉ်တွေကို ရပ်နားထားခဲ့ရပါတယ်။ ဒါကြောင့် လေယာဉ်ကုမ္ပဏီကြီး နှစ်ခုလုံးက လာမယ့်နှစ်အနည်းငယ်ကြာတဲ့အထိ ထုတ်လုပ်ရေး အစီအစဉ်တွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။

ဝန်ထမ်းအင်အား လျှော့ချမှု ပြုလုပ်လိုက်တဲ့ ဝန်ထမ်းပေါင်း ၁၆၀၀၀ ဆိုတဲ့အရေအတွက်ဟာ ကမ္ဘာ တစ်ဝန်းလုံးရှိ ဘိုးရင်းကုမ္ပဏီဝန်ထမ်းအင်အားရဲ့ ( ၁၀ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ဒီထဲက ဝန်ထမ်းအားလုံး နီးပါးဟာ အမေရိကန်ပြည်ထောင်စုမှာလုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေဖြစ်ပြီး အလုပ်ဖြုတ်ခံရတဲ့ ဝန်ထမ်းတွေ အားလုံးနီးပါးဟာ ကုမ္ပဏီရဲ့ ကာကွယ်ရေး သို့မဟုတ် အာကာသဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုနယ်ပယ်ထဲက မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းယူနစ် အဖွဲ့ထဲက ဝန်ထမ်းတွေ ဖြစ်ပါတယ်။

အကြီးမားဆုံးအလုပ်အကိုင်လျှော့ချမှုပမာဏ

အမေရိကန်မှာ လေကြောင်းခရီးစဉ်သွားလာမှုဟာ ပြီးခဲ့တဲ့ ပြီလလယ်လောက်ကစပြီး ၉၆ ရာခိုင်နှုန်း ကျဆင်းသွားပြီး တချို့ရက်တွေမှာ စီးနင်းလိုက်ပါသူ အယောက် ၁၀၀၀၀၀ အောက် လျော့နည်းခဲ့ပါတယ်။ လုပ်သားအင်အားရဲ့ ၁၀ ရာခိုင်နှုန်းကိုဘိုးရင်းက လျှော့ချတာဟာ အကြီးမားဆုံး အလုပ်အကိုင်လျှော့ချမှုပမာဏ တစ်ခုကို ကိုယ်စားပြုဖော်ပြနေတယ်လို့ ဘိုးရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ။

ဘိုးရင်းကုမ္ပဏီရဲ့ ရှယ်ယာဟာလည်း အဲဒီနေ့အစော ပိုင်းမှာ ပိုမိုလျော့ကျခဲ့ပြီး ကြေညာချက်ထုတ်ပြန်မှုအပြီးမှာ ၊ တစ်ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လက်ရှိအချိန်အထိ ခန့်မှန်း တွက်ချက်ဖို့ ခက်ခဲနေသေးတဲ့ ဈေးကွက်အခြေအနေ မတည်ငြိမ်မှု ရပ်တန့်သွားတဲ့အချိန်အထိ ကျွန်ုပ်တို့ရဲ့ စီးပွားရေးအစီအစဉ်တွေကိုပုံသေထားပြီး ချိန်ညှိသွားရလိမ့် မယ်လို့ ဘိုးရင်းရဲ့ စီအီးအိုကယ်လ်ဟွန်းက ဖွင့်ဟပြောကြား ခဲ့ပါတယ်။

ဆက်လက်ရပ်တည်နိုင်ဖို့ ကြိုးပမ်း

တချို့လေကြောင်းလိုင်းတွေမှာ မကြာသေးမီက ခရီးစဉ်ကြိုတင်ဘွတ်ကင်ပြုလုပ်မှုတွေ တိုးတက်လာတဲ့ ( လက္ခဏာတချို့ ရှိလာတာ တွေ့ရပေမယ့် မြန်မြန်ဆန်ဆန်တော့ အခြေအနေပြန်ကောင်းလာဦးမှာ မဟုတ်သေးဘူးလို့ ၎င်းက သုံးသပ်ပါတယ်။ နောက်ထပ် လေယာဉ်ထုတ်လုပ် ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ အဲဘတ်စ်ဟာ ပြီးခဲ့တဲ့ ပြီလ အတွင်း ဝန်ထမ်းပေါင်း ၆၀၀၀ လောက်ကို ဖယ်ရှားခဲ့ရပါတယ်။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့လေကြောင်းလိုင်းတော်တော် များများဟာ ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးပမ်း နေရပြီး အလုပ်အကိုင်လျှော့ချမှုတွေပြုလုပ်နေရပါတယ်။ လေကြောင်းလိုင်းတွေရဲ့ စုစုပေါင်းထိခိုက်ဆုံးရှုံးမှု တန်ဖိုးဟာ နှစ်အကုန်မှာ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံဖိုး လောက်ရှိမယ်လို့ ခန့်မှန်းတွက်ချက်ထား တယ်လို့ ခရီးသွားလုပ်ငန်းအုပ်စုတစ်စုရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း နာမည်ကျဆင်း ခဲ့တဲ့ ဘိုးရင်းရဲ့ ၇၃၇ မက်စ်၊ ၇၈၇၊ ၇၇၇ နဲ့ ၇၇၇ အိတ်စ် လေယာဉ်တွေ အပါအဝင် လေယာဉ်ထုတ်လုပ် မှုတွေကို လျှော့ချနေတယ်လို့ ဘိုးရင်းက ဖော်ပြခဲ့ပါတယ်။

 ဝင်ငွေကျဆင်း

ဘိုးရင်းဟာ ယခုနှစ်ရဲ့ ပထမလေးလပတ်မှာ အသားတင်ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၆၄၁ သန်းရှိခဲ့ ပါတယ်။ ၇၃၇ မက်စ်လေယာဉ်တွေ ရပ်နားထားခဲ့ရမှုနဲ့ ကပ်ရောဂါကျရောက်မှုအခြေအနေတွေကြောင့် ပထမ သုံးလပတ်အတွင်းမှာ လေယာဉ်လုပ်ငန်း ထိခိုက်နစ်နာ ခဲ့ပြီး ဝင်ငွေရရှိမှု ဟာ ၅၀ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်း သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ မတ်လတွေအတွင်း လေယာဉ်အမှာ စာ ၄၉ ခု လက်ခံရရှိခဲ့ပြီး အမှာစာ ဖျက်သိမ်းမှု ၁၉၆ ခုအထိ ရှိခဲ့ပါတယ်။ ။

ကုမ္ပဏီအနေနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှု ကိုဆက်လက်ထိန်းထားနိုင်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေ ရသလို ကပ်ရောဂါကူးစက်မှုကနေ ဘေးကင်း စွာပျံသန်း နိုင်ကြောင်း ခရီးသွားပြည်သူတွေကို အာမခံနိုင်ဖို့ အတွက် လေကြောင်းလိုင်းတွေနဲ့အတူ လက်တွဲ ကြိုးပမ်းနေတယ်လို့ ကယ်လ်ဟွန်းက ပြောကြားခဲ့ပါတယ်။

အကျပ်အတည်း ပိုနက်ရှိုင်းလာ

တကယ်တော့ဘိုးရင်းကုမ္ပဏီရဲ့ အကျပ်အတည်းက ပြီးခဲ့တဲ့နှစ်ကဘိုးရင်း၃၇မက်စ်လေယာဉ်မတော်တဆ ပျက်ကျမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စတင်ခဲ့တာပါ။ ဒီအချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်မှုပါ ထပ်ဖြစ် လာတဲ့အခါ ကုမ္ပဏီရဲ့ အကျပ်အတည်းကို ပိုပြီးနက်ရှိုင်း စေခဲ့ပါတယ်။ နောက်ထပ်အလုပ်အကိုင်လျှော့ချမှုတွေ ကို နိုင်ငံတကာမှာရှိတဲ့ ဘိုးရင်းရဲ့ လုပ်ငန်းခွင်တွေမှာ ထပ်ပြီးလုပ်ဆောင်သွားဦးမယ်လို့ ဆိုထားပေမယ့် ဝန်ထမ်းအင်အားဘယ်လောက်အထိ လျှော့ချမလဲဆိုတာ ကိုတော့ အသေးစိတ်ဖော်ပြထားခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Southwestလေကြောင်း လိုင်းက ယခုနှစ်မှာ လက်ခံမယ့် ၇၃၇ မက်စ်လေယာဉ် ထုတ်လုပ်မှုအရေအတွက်ကိုလျှော့ချဖို့တိုင်ပင်ဆွေးနွေး နေတယ်လို့ ဆိုပါတယ်။ အခုအချိန်ကစပြီး လာမယ့် ၂၀၂၁ ခုနှစ်ကုန်ပိုင်းအထိ မက်စ်လေယာဉ် ၄၈ စင်းထက် ပိုပြီးလက်ခံတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အေအက်ဖ်ပီ